23

8.1K 292 10
                                    

💘 Part - 23 💘
-------------

"ကိုင်ရိုကိုသွားရတော့မှာဆို ဘယ်အချိန်လောက်လဲ"

ပါပါးစကားကို ကိုကြီးကချက်ချင်းမဖြေသေးဘဲ စဥ်းစားသလိုလုပ်နေကာ ခဏအကြာမှ...

"နောက်လ ၁၂ရက်ပါ"

"ဒီနိုင်းကရော သူလိုက်မလာတာကြာပြီ"

ထိုမေးခွန်းကိုတော့ ကိုကြီးကမဖြေတော့ဘဲ တိတ်ဆိတ်သွားပြီး ထမင်းငုံ့စားနေ၍ ပါပါးအကြည့်တွေက သူ့ဆီရောက်လာသည်။
တစ်ညကပဲ ဒီနိုင်းကိုသွားခေါ်မည့်အကြောင်းပြချက်ဖြင့် ကွန်ဒိုကနေထွက်သွားခဲ့ကာ အပြန်မှာလည်း ဒီနိုင်းပါမလာခဲ့။

ကိုကြီးလက်ထဲမှာ အမြဲတမ်းရှိနေတတ်သည့် ဒီနိုင်းရဲ့ဖုန်းနှင့် ပိုက်ဆံအိတ်လည်း ပြန်ပါမလာခဲ့။
ထို့ကြောင့် အနီးစပ်ဆုံးတွေးလိုက်မိတာက ဒီနိုင်းဟာ ထိုနေရာမှာပဲနေခဲ့ပုံရပြီး ဒါကို ကိုကြီးကစိတ်ဆိုးလာဟန်ရှိသည်ဟု။

"သူ သိပ်နေမကောင်းဘူး ပါပါး အိမ်မှာကျန်ခဲ့တယ်"

"ဟုတ်လား အဲ့လိုဆို သူသက်သာရင် ပါပါးဆီလာဖို့ ခေါ်လိုက်ဦး ကိုင်ရိုမသွားခင် ပါပါးနဲ့လာနေပါဦးလို့"

ပါပါးရဲ့အမှာစကားကြောင့် မာမားနှင့် ဒီနွေကနှာခေါင်းရှုံ့သွားပြီး ကိုကြီးကတော့ မသိမသာမျက်နှာလွှဲသွားသည်။
မာမားနဲ့ဒီနွေဟာ ဒီနိုင်းနဲ့သိပ်အစေးမကပ်မှန်းသိနေ၍ ဒါဟာအထူးအဆန်းမဟုတ်ပေမယ့် ဒီရက်တွေထဲ ရွှင်ရွှင်ပျပျမရှိသောကိုကြီးကတော့ အထူးအဆန်းဖြစ်နေ၏။

"မင်းဘဲကိုကြည့်ရတာ တမျိုးပဲ မင်းအစ်မကိုစိတ်ယိုင်နေတာလား"

သူငယ်ချင်းတွေက ဖွင့်ဟမေးထုတ်လာကြသည်အထိ ပျက်ယွင်းနေသော ကိုကြီးအပြုအမူတွေကို ဒီရေ သတိထားမိနေသလို ဒီ့အတွက်လည်း တိတ်တဆိတ်နာကျင်ရသည်။
တကယ်တမ်းမယုံခဲ့သူက နိုင်းကိုဖြစ်ပေမယ့် ကိုယ့်အပေါ်ဖောက်ပြန်ရက်ခဲ့သူဟာ ကိုကြီးဖြစ်နေတာက နောက်ကျောကိုဓားနဲ့အထိုးခံလိုက်ရသည့်အတိုင်း။

"ကျွန်တော် ကိုင်ရိုကိုမလိုက်တော့ဘူး ကိုကြီး"

"ဘာ!!"

EvermoreWhere stories live. Discover now