💘 Season II Part - 7 💘
--------------------Leoponဆေးရုံက ခေတ်မီဆေးရုံဖြစ်ကာ စက်ကိရိယာတွေကအစ အစုံအလင်ရှိပေမယ့် ဆရာဝန်အင်အားတော့ မလောက်ငှချေ။
ဒီဆေးရုံမှာ အလုပ်လုပ်နေသည့် ဆရာဝန်တွေ၊ နာ့စ်တွေတိုင်းဟာ Leoponသခင်လေးရဲ့ မွေးစားသားသမီးတွေသာဖြစ်ကာ ထိုလူကပဲ အားလုံးကို ကျောင်းထားပေးခဲ့သည်ဟု ဆို၏။
သို့အတွက်ကြောင့် ဤဆေးရုံမှာ Leoponမဟုတ်သူဟာ သူတစ်ယောက်တည်းသာဖြစ်လောက်သည်။"ကျွန်တော်ဝင်ခဲ့မယ် ဒေါက်တာသံလွင်"
"ဟုတ်ကဲ့"
လူနာတစ်ယောက်၏ မှတ်တမ်းကိုဖတ်နေတုန်း ဆရာဝန်ကြီးကအသံပြုလာ၍ မှတ်တမ်းစာအုပ်ကိုပြန်ချထားလိုက်သည်။
သူ့နားနေခန်းဟာ ဆေးရုံရဲ့တတိယထပ်မှာရှိကာ ရှုခင်းလည်းကောင်းသလို အခန်းDecorationကလည်း အဆင့်မြင့်၏။
တခြားဆရာဝန်တွေ ဘယ်လိုနေရသလဲမသိပေမယ့် ဒီအခန်းကတော့ အထူးကုဆရာဝန်ကြီးတွေရဲ့အခန်းလို သားနားသပ်ရပ်လွန်းတာကတော့ အမှန်။"အဆင်ပြေရဲ့လား"
"ပြေပါတယ် ဆရာ ဒါပေမယ့် ကျွန်တော် ဆရာ့ကိုပြန်တွေ့ရမယ်လို့ မထင်ထားဘူး"
"ပြည်သူ့ဆေးရုံမှာ ကျွန်တော်အလုပ်ဆင်းရင် ဒီဘက်မှာလစ်လပ်နေခဲ့တယ် ဒါကြောင့်မို့ သခင်လေးက မင်းကိုခေါ်ဖို့စိတ်ကူးဖြစ်သွားတာဖြစ်မယ်"
"Aww ဆရာလည်း Leoponပဲလား"
"မဟုတ်ဘူး ကျွန်တော့်သားက သခင်လေးရဲ့မွေးစားသမီးနဲ့ အိမ်ထောင်ကျတာလေ အဲ့ဒါကြောင့် ဒီလိုတွေဖြစ်ကုန်တယ်"
သူ အလိုက်သင့်ရယ်လိုက်ရင်း ခေါင်းညိတ်ပြလိုက်ကာ Leoponရဲ့သခင်လေးဟာ စရိုက်ကြမ်းပေမယ့် ထင်ထားသလောက်လည်း ဆိုးနေတာမျိုးမဟုတ်။
ထိုအချိန် အခန်းတံခါးခေါက်သံနှင့်အတူ တံခါးကိုအလျှင်အမြန်ဖွင့်ကာ နာ့စ်ဝတ်စုံနှင့်မိန်းကလေးတစ်ယောက် ပေါ်လာ၏။"အရေးပေါ်လူနာပါ ဆရာ"
"ဘာဖြစ်လာတာလဲ"
"နှလုံးသွေးကြောကျဥ်းလူနာပါ ခွဲစိပ်ရမယ့် အရေးပေါ်အခြေအနေလို့ထင်ပါတယ်"
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...