S-2 (20)

8.6K 376 23
                                    

💘 Season II Part - 20 💘
--------------------

"အဲ့ဒါဆိုမြေပြန့်ပြန်ဆင်းတော့မယ်ပေါ့"

"အင်း ဆင်းရမှာ သူ့ကိုတော့သေချာမပြောတော့ဘူး အမေလည်းရောက်ခါနီးပြီဆိုတော့ အမေ့ကိုသွားကြိုတယ်လို့ပဲ ပြောလိုက်တော့မယ်"

"တကယ်လို့များ အဲ့ဒီကုထုံးနဲ့အဆင်ပြေသွားရင် ဘာဖြစ်လာနိုင်လဲ"

"အိမ်မက်ဆိုးတွေ မမက်တော့ဘူးပေါ့ ပြီးတော့ ဒီအဖြစ်ဟာ သူ့အတွက် traumaမဖြစ်တော့ဘဲ သာမာန်ကိစ္စလောက်ပဲဖြစ်သွားတော့မှာ"

"ကြားတော့ကြားဖူးပေမယ့် လက်တွေ့တော့မကြုံသေးဘူး အဆင်ပြေသလိုလုပ်ပါ ခင်ဗျားက သူနဲ့လက်ထပ်မယ့်သူပဲ"

ဒီရေ့စကားကြောင့် တစ်ချက်ပြုံးမိပေမယ့် လောလောဆယ်အချိန်ထိ သူဟာ ဦးဒီပါကိုလည်းမတွေ့ဖူးသလို သူမရဲ့အမေကိုရော၊ မာမားကိုပါ မမြင်ဖူးသေး။
ကြားဖူးသလောက်ဆို ဦးဒီပါက အလွန်ကြွယ်ဝသူဖြစ်ပြီး သာမာန်အခြေအနေလောက်နှင့်ကိုယ့်ကို သဘောတူပါ့မလားမသိ။
သို့သော် စိတ်မပူဘဲ အေးအေးဆေးဆေးနေနိုင်ခြင်းဟာ တဇွတ်ထိုးဆန်သော ကောင်မလေးက ဘယ်သူ့စကားမှနားထောင်မှမဟုတ်။

"Churchကျောင်းမှာ ဖာသာ့ဆီခွင့်တောင်းခဲ့ပြီးပြီ Christmasရှိသေးလို့ အဲ့ဒီမတိုင်ခင် လက်ထပ်ဖြစ်မယ် လောလောဆယ်တော့ တရားရုံးမှာ လက်မှတ်ထိုးရုံလောက်ပဲ"

"ဘာလို့လဲ"

"သူ ဟိုတစ်ရက်က နည်းနည်းမောနေသေးတယ် အဲ့လိုအခါတွေဆို ငါအချိန်မရွေးဝင်ထွက်နေရင် လူတွေအမြင်မှာ အဆင်ပြေအောင်လို့"

"ခင်ဗျား အဲ့ဒါကိုတော့ အတော်အလေးထားတယ်နော်"

"ထားတာပေါ့ ဒီနိုင်း ယောကျာ်းရကံကောင်းလိုက်တာလို့ အပြောခံရဖို့က ငါ့တာဝန်ပဲ သူ့ပတ်ဝန်းကျင်မှာရော၊ ငါ့ပတ်ဝန်းကျင်မှာပါ တန်ဖိုးကြီးစေချင်တယ်"

"Respectပါဗျာ တကယ်ပါ"

သည်းလိုက်တာဟု ငေါ့နေသလား၊ တကယ်ပြောသလားမသိပေမယ့် ထိုစိတ်ဆန္ဒကတော့ ကိုယ့်ရင်ထဲ တကယ်ဖြစ်တည်ခဲ့သည့်ဆန္ဒဖြစ်သည်။
လက်ရှိအချိန်မှာ ဦးဒီပါကို ခါးသီးနေသေးသည့် သူမအတွက် ဒီရေကသာမိသားစုမို့ မင်္ဂလာကိစ္စအတွက် စီစဥ်ထားသည်တွေကို ဒီရေ့ကိုသာပြောပြဖြစ်သည်။
ထိုအခါတွေတိုင်း ဒီရေက ခေါင်းညိတ်တတ်မြဲဖြစ်သည်။

EvermoreWhere stories live. Discover now