5

8.7K 306 15
                                    

💘 Part - 5 💘
-------------

သံလွင်ဆွဲခေါ်လာသော မိန်းမလှလေးကို ခပ်စူးစူးကြည့်နေမိရင်း ထိုမိန်းကလေးဆီက ဂြိုဟ်ကြည့် အကြည့်ခံလိုက်ရ၍ ဟန်နီ ဒေါသဖြစ်သွားမိသည်။
ပုံစံကတော့လွင့်ပျံနေကာ အဝတ်အစားကိုကြည့်လိုက်တာနှင့် Brandedတွေမှန်းသိလိုက်၍ သံလွင်ဟာ တကယ့်ဂွင်ကောင်းမှာထိုင်မိထားတာပဲ…

"ထိုင်"

ထိုင်ဆို၍ ဆတ်တီတွေဆီအကြည့်ရောက်သွားသော ထိုကောင်မလေးသည် အဓိပ္ပါယ်တစ်မျိုးဖြစ်သွားကာ မရွံ့မရဲဖြစ်သွားသည့်ဟန်။
အသားရောင်ဖျော့ဖျော့ဆိုးထားသည့် လက်သည်းခြေသည်းလေးတွေကို တစ်ချက်ငေးမိကာ နုဖတ်ဥအက်နေသည့် သူမက ဆတ်တီမှာဝင်ထိုင်ရင်း ခြေချင်းချိတ်ထိုင်၏။
မသိရင် သူ့အိမ်သူ့ယာလိုဟန်ကြီးပန်ကြီးနဲ့…

"ဒါ ငါနေတဲ့အိမ်ပဲ ဦးလေးတို့မိသားစုနဲ့နေတာ"

"ကပ်နေရတာလေ"

ရည်းစားကို လက်ဆွဲခေါ်လာပြီး ဘဝင်မြင့်ကာလေသံကျယ်နေသော သံလွင်မင်းခကို အမြင်ကတ်လာ၍ ဟန်နီဝင်ပြောလိုက်တော့ ထိုမိန်းကလေးက ထပ်ပြီးဂြိုဟ်ပေးပြန်သည်။
သံလွင်ကတော့ ဘာမှပြန်မပြောဘဲ ပစ္စည်းတွေကို အခန်းထဲထားဖို့ ခဏထွက်သွားသည့်အခါ ဟန်နီ ထိုမိန်းကလေးရှေ့မှာ ဝင်ထိုင်လိုက်၏။

"နင်က ဘယ်သူလဲ သံလွင့်ရည်းစားလား"

"အသိပါ"

"အဲ့ဒီလူက သူ့အသိဆို ဘယ်သူ့ကိုမှအိမ်ခေါ်မလာဖူးဘူး ဘာကိစ္စရှိလို့လဲ"

"နင်က ဘာလဲ"

ဘာမထီမျက်နှာပေးဖြင့် ပြန်မေးလာသည့်အခါ ဟန်နီသည်ဒေါသဖြစ်သွားမိကာ လက်ပိုက်ပစ်လိုက်ရင်း သံလွင့်အခန်းကို မေးဆတ်ပြလိုက်သည်။

"သူ့ညီမ"

"သူ့ညီမဆိုတိုင်း နေရာတကာဝင်ပါနေစရာမလိုဘူး ထင်တယ် အိမ်ရှင်ပီသမယ့်မေးခွန်းကိုပဲမေး ငါ့ကိုယ်ရေးကိုယ်တာကို မမေးနဲ့"

"ဘာ!!"

"ဟန်နီ"

အသံတွေကြားပုံရသော သံလွင်က ပြန်ထွက်လာ၍ ဟန်နီထရပ်လိုက်ပြီး နှစ်ယောက်လုံးကိုအထင်သေးစွာကြည့်လိုက်သည်။
သံလွင်ကတော့ ထုံပေနေသူမို့ ဘယ်လိုမှဖြစ်မသွားပေမယ့် Foreignရုပ်ထွက်နေသော ထိုမိန်းကလေးကတော့ စွေ့စွေ့ခုန်မတတ်။

EvermoreWhere stories live. Discover now