S-2 (23)

8.1K 346 10
                                    

💘 Season II Part - 23 💘

-------------

"သမီးတောင်းမယ် ဘယ်သူက"

"နိုင်းရဲ့ကောင်လေးကပါ"

သူ့အသိပေးစကားကြောင့် ပါပါးမျက်လုံးနှစ်လုံး အပြင်ကိုကျွတ်ထွက်မတတ် ပြူးကျယ်နေကာ မယုံနိုင်ဟန်ကလည်း အထင်းသား။
နိုင်း မြန်မာပြည်ပြန်ရောက်နေခဲ့တာ ၄လကျော်ရှိပြီဆိုပေမယ့် ပါပါးနဲ့လည်းမတွေ့သလို စကားတောင်အဟမခံပေမယ့် သံလွင်မင်းခကတော့ ဤကဲ့သို့စီစဥ်ထား၏။

"ငါတို့လာမှာမို့ မင်းကြိုရောက်နေဖို့လိုတယ်"

တဲ့။
ဒါလည်းမှန်တာပဲမို့ အလုပ်တွေခဏပစ်ထားခဲ့ကာ ပါပါးဆီထွက်ချလာခဲ့တာက ချက်ချင်း။

"ဘယ်ကကောင်လေးလဲ ဒီနိုင်းမှာရည်းစားရှိခဲ့တာလား"

"ဟုတ်တယ် ပါပါး သူအီဂျစ်လိုက်မသွားခင်ကရှိခဲ့တာပါ အခုလည်းအဲ့ဒီကောင်လေးပါပဲ အခုတော့ လက်ထောက်ဆရာဝန်ကြီးဖြစ်နေပြီ တောင်ကြီးမှာတာဝန်ကျနေတယ်"

"သံလွင်ဆိုတာလား"

"ဟုတ်တယ်"

"Aww ငါ့သမီးက အကောင်းကြိုက်သား"

ပြောရင်းရယ်နေသောပါပါးကြောင့် နွေက နှာခေါင်းရှုံ့ကာ မသိမသာမျက်နှာလွှဲသွားသလို မာမားကလည်းသိပ်မကြည်။
တကယ်တမ်း ဒီအိမ်ဟာ နိုင်းကိုကြိုဆိုနေမည့်သူဆိုလို့ ပါပါးနှင့်သူသာရှိတာမို့ နိုင်း ဒီကိုပြန်မလာချင်တာမဆန်း။
ထိုအချိန် ကားသံကြားလိုက်သည်နှင့် အိမ်ရှေ့ကိုထွက်လာခဲ့တော့ ကားနှစ်စီးရောက်နေပြီဖြစ်ကာ ထိုလူစုထဲမှာ သူသိတာ မြစ်နှစ်စင်းသာရှိသည်။

"မင်း ရောက်နေပြီလား"

"ခင်ဗျား ဖုန်းရရချင်း ချက်ချင်းထွက်လာတာပဲ ဒီဘက်လာ"

အသေအချာစီစဥ်ထားပုံရသည့် သံလွင်မင်းခက နိုင်းလက်ကလေးကိုကိုင်ကာ အိမ်ထဲဝင်လာ၏။
ကိုယ်တွေက ခရစ်ယာန်၊ သူတို့က ဗုဒ္ဓဘာသာမို့ သူတို့ဓလေ့တွေ၊အယူအဆတွေကို နားမလည်သလို ဘာတွေလုပ်ထားလဲမသိဘဲ ငြိမ်နေလိုက်သည်။
ကန်တော့ပွဲလည်းပါသလို ကတ္တီပါဘူးလေးတွေလည်း ပါတာမို့ တစ်ခုခုတော့ တစ်ခုခု…

EvermoreWhere stories live. Discover now