💘 Part - 16 💘
-------------"သမီး ပိန်သွားသလိုပဲ"
ပါပါးရဲ့စကားကြောင့် နိုင်းခေါင်းလေးညိတ်ပြလိုက်ကာ ဖျော်ရည်ဘူးကိုပဲ မော့သောက်ပစ်လိုက်သည်။
မိသားစုဆိုတာ နိုင်းအတွက်တော့ သူစိမ်းတွေနဲ့အတူရှိတာလောက် မနွေးထွေးခဲ့၍ ဒီမိသားစုကို ခင်တွယ်ခြင်းမရှိတာက အမှန်ဖြစ်သည်။
နိုင်းကိုလိုအပ်နေသော တစ်စုံတစ်ယောက်ရှိနေသည်ဆိုသောအသိကြောင့် ဒီမိသားစုကပေးသော နိုင်းရဲ့Depressionသည် အရင်ကလောက်မဆိုးရွားတော့…"နင် Yamahaကိုရောင်းလိုက်တယ်ဆို"
နွေ့စကားက နိုင်းကိုဦးတည်နေပေမယ့် မသိ၍မေးခြင်းမဟုတ်ဘဲ ပါပါးသိစေလိုသည့်ဆန္ဒဆိုတာ နိုင်းရိပ်မိလိုက်သည်။
နွေသည် နိုင်းငြိမ်သက်နေသည့်အချိန်တွေမှာ အတော်လေးဂျိုကြွလာပြီး နိုင်းကိုထိကပါးရိကပါးပြောတတ်လာ၍ ဒီတစ်ခါတော့ နိုင်းပြုံးပြလိုက်သည်။"အင်းလေ ၂၀၀ကျော်လောက်ပဲရှိတဲ့ယာဥ်မျိုး ငါက စီးစရာလား ဒါလင်ကငါ့အတွက် Mercedesဝယ်ပေးထားတယ်"
တကယ်က ဝယ်ပေးထားတာမဟုတ်ဘဲ ခေတ္တငှားပေးထားတာဖြစ်ကာ ဒါကိုမသိသောဒီနွေက မျက်နှာပျက်သွားတော့သည်။
ဒါလင်က ၃လသာနေရတော့မည့်အချိန်အတွက် နိုင်းကိုကားဝယ်မပေးချင်ပါဘဲ ကိုင်ရိုကိုရောက်မှ ဝယ်ပေးမည်ဟုဆို၏။
အနာပေါ်ဆားသိပ်ပေးချင်သေး၍ ကားသော့လေးကိုထောင်ပြကာ စားပွဲပေါ်ချပြလိုက်တော့ ပါပါးက ကျေနပ်သွားသလို တစ်ချက်ပြုံး၏။"ပါပါးကိစ္စတွေကရော ဒါလင်နဲ့အဆင်ပြေရဲ့လား"
"ပြေပါတယ် သူကအတော်လေး အကူညီရတဲ့သူပဲ စီးပွားရေးအကွက်မြင်သလို တကယ်လည်းခြေတစ်လှမ်းသွက်တယ်"
ဟုအစချီကာ ဒါလင့်အရည်အချင်းတွေ ထုတ်ဖော်ပြောလာတော့ နိုင်း စိတ်ပါလက်ပါနားထောင်မိ၏။
ရေနံတွင်းတွေပိုင်သည့် နာမည်ကျော် သူဌေးတစ်ယောက်ဖြစ်သည့်အပြင် နိုင်းလို ကပြားတစ်ယောက်နှင့်အိမ်ထောင်ကျသည်ဆိုတော့ ရေပေါ်ဆီအသိုင်းအဝိုင်းမှာ ပိုပြီးလူသိများနေဟန်ရှိသည်။တော်သေးတာတစ်ခုသည် ဒါလင်က နိုင်းကိုလက်ထပ်ထားရုံသာရှိပြီး ပွဲတက်စရာရှိရင်လည်း သူတစ်ကိုယ်တည်းသာတက်ပြီး နိုင်းကိုမခေါ်တတ်။
အကောင်းဘက်ကကြည့်လျှင်တော့ William Nelsonသည် လူတကာအားကျရလောက်သည့်ဘဝမျိုး ပိုင်ဆိုင်ထားသည့်အပြင် အရည်အချင်းကောင်းတွေဖြင့်အမျိုးသား…
ဒါကို ဘာကြောင့် Gayနေသလဲမသိ…
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...