S-2 (4)

6.6K 275 17
                                    

💘 Season II Part - 4 💘
--------------------

တောင်ကြီးမြို့…

Luggageတွေကိုဆွဲပြီး ကားထဲကထွက်လိုက်သည်နှင့် စိန်ပန်းပြာတွေ တွေ့လိုက်ရပြီး ရှမ်းပြည်နယ်၊ တောင်ပေါ်မြို့ရဲ့ ဆီးကြိုနှုတ်ဆက်မှူက အေးချမ်းလှ၏။
ပြည်သူ့ဆေးရုံကတော့ မြင်နေကျအတိုင်း ဆရာဝန်တွေ၊ နာ့စ်တွေက သွားလာလှုပ်ရှားနေကြပြီး သူ နေခဲ့ရသည့် Londonဆေးရုံတွေလိုတော့ ပျာယာခတ်မနေ။
ကွန်ကရိလမ်းကလေးသည်လည်း စိန်ပန်းပြာတွေဖြင့် ပြာလဲ့လဲ့ဖြစ်ကာ မြင်မြင်သမျှသည် အသစ်တွေချည်းဖြစ်၏။

"ဆရာဝန်ကြီးလာပြီ"

ဆေးရုံအကူကောင်လေးတွေနှင့် နာ့စ်တစ်ချို့က သူ့အနားအထိ အပြေးအလွှားရောက်လာကြကာ ခရီးဦးကြိုပြုကြ၍ ခေါင်းကိုသာညိတ်ပြလိုက်သည်။
သူ့ရာထူးက ဤတောင်ကြီးဆေးရုံကြီးရဲ့ လက်ထောက်ဆရာဝန်ဖြစ်သလို Emergencyဌာနနှင့် ခွဲစိပ်ဌာန နှစ်ခုလုံးကို စီမံခန့်ခွဲရမည်ဖြစ်သည်။

ပုံမှန်ဆို UKပြန်ဆရာဝန်တစ်ယောက်ဟာ ဒီလိုနေရာကိုကျတာ ထူးဆန်းသလိုဖြစ်ပေမယ့် မန္တလေးကိုမနေချင်သည့်သူက တောင်ကြီးကို ကျေကျေနပ်နပ်ပြောင်းရွှေ့ခဲ့သည်။
ထိုနေရာက ထွက်ခွာလာခဲ့တာ ၄နှစ်ကျော်ခဲ့ပြီမို့ ပြန်လည်းမသွားချင်။

"ကြိုဆိုပါတယ် ဒေါက်တာ ကျွန်တော်က ဆေးရုံအုပ်ပါ ဘယ်အချိန်ကရောက်တာလဲမသိဘူး"

"အခုပဲရောက်တာပါ ကျွန်တော်ရန်ကုန်ကနေ တန်းလာတာ"

"Aww ဒါကြောင့် Luggageတွေများနေတာကိုး ဟေ့.. မောင်ထွန်း မင်းက ဒေါက်တာသံလွင်ရဲ့အိမ်ကို ဒါတွေသွားပို့ပြီး အိမ်ကိုရှင်းထားခဲ့လိုက်"

"အိမ်"

ဆရာဝန်လိုင်းခန်းမဟုတ်ဘူးလား။
အတွေးဖြင့် နှုတ်ဖျားက ရေရွတ်လိုက်မိတော့ ဆေးရုံအုပ်က သူ့ဘက်ပြန်လှည့်လာပြီး…

"အိမ်ပါဒေါက်တာ အလုပ်သင်ဆရာဝန်တွေကပဲ လိုင်းခန်းနဲ့နေရပါတယ် ဆရာတို့လို ဆရာဝန်ကြီးတွေအတွက်က လုံးချင်းအိမ်ပေးထားတာပါ"

"Aww ဆောရီးဗျာ ထင်မထားလို့"

"အရေးပေါ်လူနာ"

EvermoreWhere stories live. Discover now