💘 Part - 28 💘
-------------Gizaမြို့...
အီဂျစ်မှာ နာမည်ကြီးမြို့တွေထဲကတစ်ခုဖြစ်ကာ ဂီဇာရဲ့နာမည်ကြီးပုံက ဂီဇာပိရမစ်ကြီးကြောင့်ဖြစ်သည်။
ဂီဇာပိရမစ်က သဲကန္တာရအစပ်မှာရှိကာ အတော်လေးလည်းမြင့်သလို ပိရမစ်အဖျားမှာ တိမ်တွေဝေ့နေသလားဟု ထင်မိသည်အထိ မြင့်မားလွန်းလှ၏။ထိုပိရမစ်ကြီးရဲ့ မလှမ်းမကမ်းမှာတော့ ဂီဇာမြို့ရှိကာ ကိုင်ရိုလောက် စီးပွားရေးအချက်အချာမကျသောမြို့ဖြစ်သည်။
နိုင်ငံခြားသားလာရောက်လည်ပတ်မှု အားကောင်းတာမို့ ဂီဇာသည်လည်း အီဂျစ်ရဲ့အဓိကမြို့တစ်မြို့ဖြစ်လောက်သည်။
နိုင်းကတော့ ဂီဇာရဲ့အလှအပတွေကို သာမာန်လောက်သာခံစားနိုင်ကာ ဒီ့ထက်အရေးကြီးတာက နက်ဖာ ဆိုသည့် နိုင်းရဲ့မာမား..."ဆင်းကြစို့"
ဒါလင့်ရဲ့လေယာဥ် ကွင်းထဲမှာရပ်သွားသည်နှင့် နိုင်းကိုလက်ကမ်းလာ၍ တုန်ယင်နေသည့်စိတ်က ခဏတော့နွေးထွေးသွားခဲ့သည်။
လေယာဥ်ပေါ်ကအဆင်းမှာ အနက်ရောင်ကားနှစ်စီးအဆင်သင့်စောင့်နေသောကြောင့် ဒါလင်ဟာ ဒီလောက်ထိ ချမ်းသာကြွယ်ဝသူလားဟု အတွေးလေးတစ်ချက်ဝင်လာ၏။ဂီဇာမြို့ရဲ့လမ်းတွေဟာ ခြောက်သွေ့လွန်းလှသည်ဟု ထင်မိကာ တစ်ချိန်က မန္တလေးရဲ့လမ်းတွေကို ပြန်သတိရမိသွားသည်။
ထိုအချိန်ကတော့ နိုင်းဟာ ဒီလိုကားပေါ်မှာမဟုတ်ဘဲ ဆိုင်ကယ်ပေါ်မှာဖြစ်ကာ သူနဲ့အတူ..."အဲ့ဒီအိမ်ပဲ"
ဒါလင်ညွှန်ပြသည့်အိမ်ကလေးသည် လှပသပ်ရပ်သော တိုက်အိမ်ကလေးဖြစ်ကာ အဖြူရောင်ပိတ်စတွေကို တန်းတွေဖြင့်လှန်းထား၏။
နိုင်း ဒီမှာနေခဲ့ရတာလား..
ဒါမှမဟုတ် နာနီကပဲ ဒီမှာနေတာလား...ကားပေါ်က ညင်သာစွာဆင်းလိုက်သည့်အခါ ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားသလိုထင်ရပြီး နိုင်းမျက်လုံးထဲမှာ ထိုအိမ်ကလေးရဲ့ဝင်ပေါက်တစ်ခုရှိတော့သည်။
အိမ်တံခါးဆီကိုသွားပြီး တွန်းဖွင့်လိုက်သည့်အခါ အသက်၆၀နီးပါးရှိသည့် အမျိုးသမီးတစ်ယောက်က ဖျတ်ခနဲလှည့်ကြည့်လာ၏။
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...