S-2 (13)

7.1K 324 13
                                    

💘 Season II Part - 13 💘
-------------

"ကိုင်ရိုဟုတ်လား ကိုင်ရိုမှာဘာရှိလို့လဲ"

"နင်ဖြေရှင်းရမယ့် ပြဿနာတစ်ခုရှိသေးတယ် အမွေကိစ္စဆိုပါတော့"

"ငါတို့မိသားစုတွေက ဒီမှာပဲမလား ဘာလို့အမွေကိစ္စအတွက် ကိုင်ရိုကိုသွားရမှာလဲ"

"ဒီအတိုင်းပဲ.. နင့်ကို​နောက်မှပြောပြမယ် အခုကိုင်ရိုကိုမသွားခင် ပါပါးတို့ဆီခဏသွားရအောင်"

"မသွားဘူး"

"ခဏပဲလို့"

"သွားပါဘူးဆို"

နှစ်ယောက်သားငြင်းခုန်နေကြချိန် ကားဝင်လာသံတစ်ခုကြောင့် ဒီနိုင်းက လှစ်ခနဲထပြေးပြီး ခြံထဲအထိပြေးဆင်းသွားတော့သည်။
မကျေမနပ်ဖြင့် အနောက်က ထလိုက်လာတော့မှ ဒီနိုင်းသည် ကားပေါ်ကဆင်းလာသည့် သံလွင်မင်းခနောက်ကျောဘက်မှာ ပုန်းကွယ်နေရင်း ထိုလူ့ခါးကိုဖက်ထားတာ တင်းတင်းကျပ်ကျပ်။

"သံလွင်.. နိုင်းဘယ်မှမသွားချင်ဘူး"

"ဒီနိုင်း ပန်းနုသွေးလုပ်မနေနဲ့ ငါတို့သွားရမှာ ပါပါးဆီကိုနော် နင့်ကိုဘယ်ခေါ်တယ်ထင်နေတာလဲ"

"မသိဘူး မသွားဘူးဆို"

ပါပါးဆိုသည်နှင့် ခါးခါးသီးသီးဖြစ်နေပုံက အံ့ဩချင်စရာတော့ကောင်းကာ ဒင်းဟာတကယ်ပဲ ဉာဏ်ကောင်းလွန်းသည့်မိန်းမဖြစ်သည်။
ပါပါးကို ပြန်မတွေ့ချင်လောက်သည်အထိ စိတ်နာနေပုံဖြင့် အတိတ်မေ့နေသည့်တိုင် ဒါကိုတော့မမေ့။
ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်နေသည့် သံလွင်မင်းခကလည်း ဒီနိုင်းနဲ့သူ့ကြားမှာရှိနေကာ ဒီနိုင်းကလည်း ထိုလူ့နောက်ကျောမှထွက်မလာ။

"သံလွင် ပြောပေးဦးလေ နိုင်းခရီးထွက်လို့မရသေးဘူးလို့"

ထိုအခါ သံလွင်က နိုင်းကို မကျေမနပ်ဖြင့် ပေစောင်းစောင်းတစ်ချက်လှည့်ကြည့်ကာ သူ့ဆီအကြည့်ပြန်ရောက်လာပြီး…

"သူ ခရီးထွက်လို့မရသေးဘူး စိတ်မချရသေးဘူး"

"ကြားလား ဟွန်း.."

လိပ်မျိုး၊ ကျက်သရေယုတ်။
စိတ်ထဲမှ အမျိုးမျိုးကျိန်ဆဲပစ်ရင်း သံလွင့်ကို ဂြိုဟ်ကြည့်ကြည့်ပစ်ရင်း နှုတ်ခမ်းကိုမဲ့ပစ်လိုက်တော့ မိန်းမဆန်ချင် ဆန်သွားလိမ့်မည်။
လက်လွှတ်ပြီးသား၊ ပြန်မပို့နဲ့ဆိုပြီး အခုတော့ ဒင်းကိုယ်တိုင်က နှစ်ခါပြောစရာမလိုပါဘဲ ဒီနိုင်းဘက်က။
ပါးစပ်ကဘယ်လောက်ပဲ လေစိမ်းတွေတိုက်ပြနေပါစေ၊ ဒီနိုင်းရဲ့စကားဟာ ဒင်းအတွက်အမိန့်တစ်ရပ်ပဲမို့…

EvermoreWhere stories live. Discover now