S-2 (2)

7.6K 286 13
                                    

💘 Season II Part - 2 💘

-------------

ဂွပ်ခနဲလွင့်ကျလာသည့် ဆေးဘူးလေးသည် စားပွဲပေါ် အရှိန်ဖြင့်ကျရောက်သည့်အခါ အဖုံးပွင့်သွားတာမို့ ဆေးလုံးဖြူဖြူတွေဟာ စားပွဲပေါ်ပျံ့ကျဲကုန်သည်။
Laptopဆီအကြည့်ရောက်နေရာမှ ထိုဆေးလုံးတွေကို ကြည့်မိသွားကာ ဆေးဘူးပေါ်က Propofolဆိုသည့်စာတန်းကြောင့် မျက်လုံးပြူးသွားမိ၏။

"ဒါ ဘယ်က"

"ဒီနိုင်းရဲ့ရေချိုးခန်းထဲကတွေ့လို့"

"ဘာ!!"

Propofol..
တုန်ယင်နေသောလက်အစုံဖြင့် ထိုဆေးဘူးခွံကို ကောက်ယူလိုက်မိကာ ဒီနိုင်းအခန်းဆီကိုလှမ်းကြည့်လိုက်မိသည်။
သူမ ဒီဆေးတွေ ဘယ်အချိန်ကတည်းက သောက်နေတာလဲ…

"Propofolသောက်ရလောက်တဲ့အထိ ဒီနိုင်း ဘာတွေဖြစ်နေသလဲ မသိချင်ဘူးလား ဝေလ်"

"မပြောနဲ့"

ဘာကြောင့်လဲဆိုတာ သိနေပေမယ့် ထိုအကြောင်းပြချက်ကို အသံနဲ့ဖြစ်ဖြစ်မကြားချင်။
အာမန်က မျက်စိမျက်နှာပျက်ကာ ထိုဆေးဘူးကိုကြည့်လိုက်၊ သူ့ကိုကြည့်လိုက်ဖြင့် စိုးထိတ်နေပုံရသည်။

ဒက်ဒီမရှိတော့ကတည်းက မောင်နှမနှစ်ယောက်သာ ကျန်တော့တာမို့ တစ်ခုခုဆို အာမန်ဟာ သူ့အတွက်အမြဲအဆင်သင့်ရှိနေတတ်သည်။

၃နှစ်ကျော်ကြာခဲ့သည့်တိုင် မပြောင်းလဲတာကတော့ ဒီနိုင်း…
သူမလေးကို မထိရက်မတို့ရက် ချစ်မြတ်နိုးရလွန်း၍ အတူနေဖို့ကိုလည်း ဇွတ်မလုပ်ရက်သလို သူမကိုနမ်းဖို့ကြိုးစားမိရင်တောင်…

"သံလွင့်ကိုပဲအနမ်းခံမှာ"

ဟု ပြောင်ပြောင်တင်းတင်းကြီး အသည်းခွဲတတ်သည့်မိန်းကလေး။
လူရှေ့သူရှေ့မှာသာ လက်ကိုင်ခွင့်၊ ဖက်ခွင့်ရပြီး ကျန်သည့်အချိန်တွေဆို အနားကပ်မိတိုင်း ခါးခါးသီးသီးမောင်းထုတ်တတ်သည့်မိန်းကလေး…
ကိုယ်က ပိုင်ဆိုင်ခဲ့ရသူဖြစ်ပေမယ့် မြင်နေခွင့်သာရှိပြီး အခုလည်း ကိုယ့်ကွယ်ရာမှာ Propofolတွေသောက်နေသည်တဲ့။

"ဒါ ပေါ့ဆရမယ့်ကိစ္စမဟုတ်ဘူးနော် အစ်ကို ဒီဆေးတွေဘယ်လောက်ပြင်းလဲ မကြားဖူးဘူးလား သူ ဒါတွေသောက်နေရင်"

EvermoreWhere stories live. Discover now