💘 Part - 3 💘
-------------"Hi.. ဝေလ်"
နိုင်းနဲ့ဒီရေ့ကိုမြင်လိုက်သည်နှင့် ဝေလ်က နှုတ်ခမ်းတွေကော့ညွတ်သွားသည်အထိ ပြုံးမြသွားပြီး လက်နှစ်ဖက်ကိုဆန့်ကာ ရင်ဖွင့်ကြိုဆိုပြနေ၍ နိုင်း တခစ်ခစ်ရယ်လိုက်မိ၏။
အနားရောက်သည့်အခါ နိုင်းက ဝေလ့်ကိုခပ်ဖွဖွသိုင်းဖက်ပြီး နှုတ်ဆက်လိုက်ကာ ဒီရေ့ကိုလှည့်ကြည့်တော့ ယုန်ပေါက်လေးက နှုတ်ခမ်းစူနေပြီ.."ကိုကြီး ပြန်ရောက်ရောက်ချင်း ကျွန်တော့်ကိုဖက်မယ်ဆို"
"တူလား ငါကဇနီးလောင်းလေ"
"ဖယ်စမ်းပါ"
ဒီရေက နိုင်းကိုတွန်းဖယ်ပစ်ကာ ဝေလ့်ကိုပွေ့ဖက်ပြီး ရင်ခွင်ထဲခေါင်းလေးတိုးသည့်အခါ ဘယ်လိုတောင်ချစ်စရာကောင်းနေမှန်းမသိ။
ဝေလ်ကလည်း တဟားဟားရယ်နေကာ ဒီရေ့ကိုကြည့်ပြီး သိပ်ပျော်နေမှန်းသိသာနေ၏။"ကဲပါ ပူတူတူးလေးရယ် သွားကြပါစို့"
"ကိုကြီးကိုလွမ်းနေလို့ပါ"
"ကိုယ်လည်းလွမ်းတာပေါ့ အဲ့ဒါကြောင့်အမြန်ဆုံးပြန်လာတာ ဒီတစ်ခါတော့ အကြာကြီးနေပါ့မယ် အပြန်ကျရင်လည်း ကိုယ့်ကလေးကိုအပါခေါ်မယ် ဟုတ်ပြီလား"
"တကယ်နော်"
"တကယ်.."
ကတိပေးသလို လက်သန်းလေးတွေချိတ်ကာ ပျော်ရွှင်ကြည်နူးနေသော ထိုအတွဲကိုကြည့်ကာ နိုင်းမှာ အူတွေအသည်းတွေယားလာရသည်အထိ။
ဝေလ်က အရပ်မြင့်သလောက် ရှပ်အင်္ကျီ၊ စတိုင်ပင်န်ဖြင့် တော်တော်လေး Smartကျသော Gentlemanဖြစ်ကာ ဒီရေကတော့ ကလေးလေးသဖွယ်။
ကြည့်ပါဦး ဘယ်လောက်တောင် Sweetဖြစ်လိုက်တဲ့အတွဲလေးလဲ.."နိုင်း ကိုယ့်ကားမောင်းပေးနော်"
"ဖြစ်ပါတယ် ဒါပေမယ့် အပြင်မှာ ပါပါးတို့ရှိသေးတယ် ဒီရေ ဒီဘက်လာ"
နိုင်းသည် ဒီရေ့လက်ကိုလှမ်းဆွဲခေါ်တော့ ဒီရေက နိုင်းကိုမျက်စောင်းချီရင်းပါလာကာ နိုင်းကတော့ ဝေ့လ်လက်မောင်းကို သိုင်းဖက်လိုက်သည်။
ဒီလျှို့ဝှက်ချက်တွေဟာ ကိုယ်တွေကြားမှာပဲ ရှိရမည်မလား…
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...