S-2 (17)

8.4K 381 34
                                    

💘 Season II Part - 17 💘

-------------

"အဲ့ဒါပဲ"

ဒီရေ့စကားဆုံးသည်နှင့် ဇေယျာက ဟူးခနဲသက်ပြင်းချကာ စီးကရက်ကိုမီးညှိပြီး တစ်ရှိုက်နှစ်ရှိုက်သောက်နေခဲ့သည်။
သူကိုယ်တိုင်လည်း ရင်မောသွားခဲ့ရ၍ ဘာမှထပ်မပြောဖြစ်ဘဲ ရောက်ကတည်းက အိမ်ထဲတန်းဝင်သွားသော ဒီနိုင်းကိုလှမ်းကြည့်မိသည်။

ဒီနေ့တော့ လိမ္မော်ရောင်မြန်မာဝတ်စုံလေးက ဖြူဥသော သူမအသားအရည်နှင့်လိုက်ဖက်ကာ နိုင်းဟာ အရပ်ရှစ်မျက်နှာ၏ ဘယ်နေရာကကြည့်ကြည့် ထင်းလင်းနေသည်။
ဟိုသီချင်းထဲကလို မာယာတွေနဲ့ဖြာဆင်းနေသည့်အလှမျိုး မဟုတ်တော့ပါဘဲ အေးချမ်းသော၊ တည်ငြိမ်သောအလှတရားလေး..
ဒီအလှတရားလေးကို သူ ပြန်ပိုင်ဆိုင်ဖို့ ကြိုးစားသင့်လား…

"ပြောရမှာလည်းခက်သား သံလွင်ရာ ဒီနိုင်းက အသုံးချခံလိုက်ရတာပါ သူ့ပုံစံလေးက တကယ်ပဲဖြူစင်ပါတယ် အရင်ကရော အခုရော"

"ငါ ဘာလုပ်ရမလဲ"

"ဘာလုပ်ရမလဲဆိုတာထက် မင်းလုပ်ချင်တဲ့အရာက သင့်တော်ရဲ့လားလို့မေးချင်တာမလား"

"အေး"

သူ ခေါင်းညိတ်လိုက်တော့ ဇေယျာက စီးကရက်ကိုရှိုက်ထုတ်ရင်း ဒီရေ့ကို တစ်ချက်လှမ်းကြည့်သည့်အခါ ဒီရေကတော့ တစ်ခွန်းမှဝင်မပြောဘဲ ငြိမ်ကုပ်နေ၏။
သူမရဲ့ပြတင်းပေါက်ဆီကနေ ဒီဘက်ကို မသိမသာလှမ်းကြည့်နေကာ ဘာတွေပြောနေကြသလဲဟု စပ်စုချင်ပုံလည်းရသည်။
သူမဟာ မြန်မာဝတ်စုံဝတ်တတ်လာမှ အကြည့်မလွှဲချင်စရာကောင်းနေသလို တစ်ဖန်ထပ်ခုန်သည့် ရင်ခုန်သံအသစ်တွေကြောင့် မရိုးမရွဖြစ်နေမိသည်။

"ပြောရရင် မင်း သူ့ကိုချစ်သေးသလို သူလည်းမင်းကိုချစ်ပုံပါပဲ အဲ့ဒီတော့ကွာ တစ်ယောက်ကိုတစ်ယောက်ချစ်တာပဲ မင်းကဘာကိုတွေဝေနေတာလဲ"

"မပြောတတ်ဘူး"

"လျှောက်မတွေးနဲ့တော့ကွာ မင်းတကယ်ချစ်တာပဲ တစ်ခုလပ်တာမလပ်တာတွေ ထည့်စဥ်းစားမနေနဲ့တော့ ဒါပေမယ့် မင်းကအဲ့ဒါတွေကို ဂရုစိုက်မယ့်ပုံလည်းမပေါ်ပါဘူး"

EvermoreWhere stories live. Discover now