💘 Part - 24 💘
-------------"မဖြစ်နိုင်တာ ဒီရေ နင်ဘာတွေပြောနေတာလဲ"
ပြူးပြူးပြဲပြဲငြင်းဆန်လာသော ဒီနိုင်းကြောင့် နောင်တရစိတ်က ဒီဂရီပိုမြင့်သွားပြီး မယုံနိုင်သလိုကြည့်နေသောသူမက ကလေးတစ်ယောက်လို။
ဖြူဖြူဥဥဂါဝန်လေးဖြင့် ရိုးရှင်းစွာလှနေသော နိုင်းမှာ အရင်လိုမောက်မာရိုင်းစိုင်းသော အပြုအမူတွေသိပ်မရှိတော့တာကို သတိထားမိသည်။
မြင်နေကျပုံစံနဲ့ကွဲထွက်နေကာ နည်းနည်းနူးညံ့သွားသလိုလည်း ထင်မိသည်။ဒီနိုင်းလည်း ပြောင်းလဲနေပြီဖြစ်ကာ ကိုယ့်ပတ်ဝန်းကျင်ကအရာအားလုံးဟာ အသစ်ဖြစ်နေခဲ့ပြီ။
သို့သော် ဒီပြောင်းလဲသွားမှုကိုအသားမကျသလို ဒီနိုင်းရဲ့နူးညံ့သော ဤပုံစံဟာ ကိုကြီးရင်ဘတ်မှာ ပိုပြီးစွဲထင်သောတံဆိပ်တစ်ခုဖြစ်နေမလား…"ကိုကြီးက နင့်ကိုလွှတ်ပေးမှာမဟုတ်ဘူး နိုင်း ကိုင်ရိုကိုလိုက်မသွားပါနဲ့"
"ဒါပေမယ့် ငါတို့ကတိတွေရှိတယ်လေ"
"ငါတို့ကတိတွေက ငါတို့၃ယောက်ပဲသိတာ နင်တို့လက်ထပ်ထားတဲ့စာချုပ်လောက် တရားမဝင်ဘူး မမ"
"ငါမလိုက်လို့မရဘူး သူ့အဖေက ငါပါမှ ကမ်းလွန်ရေနံတွင်းတွေကို ဒါလင့်နာမည်နဲ့လွှဲမှာ ဒါလင်က အဲ့ဒါကိုလက်လွှတ်ခံမှာတဲ့လား ဒီအစီအစဥ်စခဲ့တာကိုက ဒါအတွက်ပဲလေ နင်အတွေးလွန်နေပြီ ဒီရေ"
"မဟုတ်ဘူး ကိုကြီးပြောင်းလဲနေပြီ သူက တကယ့်ယောကျာ်းအဖြစ် တဖြည်းဖြည်း…"
"အဲ့ဒါကိုကမဟုတ်တာ ဂေးနေတဲ့သူ ဘယ်သူကများပွင့်ထွက်လာဖူးလို့လဲ ပြီးတော့ သူ ငါ့ကိုစိတ်ဝင်စားနေတာမဟုတ်ဘူး ငါကဆိုးလွန်းလို့ ဒီအတိုင်း.."
"မဟုတ်ဘူးလို့"
"ဘာမဟုတ်တာလဲ"
"နင်ထင်နေတာတွေ တစ်ခုမှမဟုတ်ဘူးလို့"
ကိုကြီးကိုယုံကြည်နေသောနိုင်းကို ဘယ်လိုရှင်းပြရမလဲ မသိတော့သလို ကိုကြီးလို ဉာဏ်များသူတစ်ယောက်က နိုင်းရှေ့မှာပုံစံတမျိုးဖြင့် ရှိနေလောက်သည်။
သေချာတာတစ်ခုဟာ ကိုကြီးသာ နိုင်းကို တကယ်ချစ်မိသွားခဲ့ရင် သူတို့၄ယောက်လုံး နာကျင်ရမှာဖြစ်သည်။
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...