S-2 (10) Unicode

7.2K 204 0
                                    

💘 Season II Part - 10 💘

-------------

"သံလွင်"

သံလွင်တဲ့လား…
သူမ တကယ်အတိတ်မေ့နေတာရော ဟုတ်ရဲ့လား။

"သံလွင်ဆိုတဲ့လူ ဟုတ်တယ်မလားလို့"

ထိုအခါမှ သူ သက်ပြင်းချလိုက်မိကာ နိုင်းဖြုတ်ထားသည့် oxygen maskကိုလှမ်းယူကာ စားပွဲပေါ်လှမ်းတင်လိုက်၏။
နှလုံးခုန်နှုန်းပြန်တိုင်းပေးရမည်မို့ ပြန်လှဲခိုင်းလိုက်တော့ ရှုံ့မဲ့သွားသည့်မျက်နှာလေးက ချစ်စဖွယ်။
နိုင်း အလိုမကျစွာစူပုတ်တိုင်းလည်း အရင်ကလို အလိုလိုက်ချင်မြဲ။

"တိုင်းရုံပဲ"

"မြန်မြန်တိုင်း နိုင်းမျက်နှာမသစ်ရသေးဘူး"

မင်းကို မျက်နှာမသစ်ဘဲလည်း ခဏခဏမြင်ခဲ့ဖူးပါတယ် ချာတိတ်ရယ်။
စိတ်ထဲမှာတိတ်တခိုးပြောရင်း တစ်ချက်ပြုံးမိရင်း နှလုံးခုန်နှုန်းကိုတိုင်းတော့ 84ကိုပြန်​ရောက်နေပြီမို့ စိတ်ချရသည့်အခြေအနေဖြစ်သည်။

နာရီကိုကြည့်တော့ ၉နာရီခွဲခါနီးပြီမို့ ဆေးသောက်ချိန်ကျော်နေ၍ သူမကို ဝှီးချဲပေါ်တင်ပေးကာ မျက်နှာသစ်ခိုင်းလိုက်ပြီး အပြင်ထွက်လာခဲ့သည်။
အခန်းအပြင်မှာ မိန်းမကြီးကစောင့်နေဆဲမို့ စောစောကနှင်ထုတ်မိတာကို အားနာသလိုပြုံးပြရင်း စိတ်မပူဖို့ပြောလိုက်သည်။

"သူ့ဖို့မနက်စာ ဘာလုပ်ထားလဲ"

"မနက်စာက ပြင်ပြီးပါပြီဆရာ ကြက်ဥဟက်ဖရိုက်နဲ့ ပေါင်မုန့်ကြော်ပေးထားတယ်"

"နောက်ရက်ဆို မနက်စာအတွက် နွားနို့တစ်ခွက်ပါလုပ်ပေးထားပါ သကြားမထည့်ဘဲနဲ့ ဆားနည်းနည်းထည့်.. ပူပူကြီးထဲမထည့်နဲ့ နည်းနည်းလေးအေးသွားမှ"

"နိုင်းလေးကကြိုက်ပါ့မလား ဆရာ"

"သူသောက်ရမယ်"

ဟိုးအရင်က မနက်တိုင်းလုပ်ပေးနေကျ ဆိုတာတော့ မပြောဘဲမြိုသိပ်ထားလိုက်သည်။
နိုင်းဟာ ကိုယ်နဲ့မသက်ဆိုင်တော့ဆိုသည့်အတွေးကို ခေါင်းထဲစွဲမြဲနေအောင် ရိုက်သွင်းထားပေမယ့် နိုင်းအတွက် တတ်နိုင်သလောက်ကူညီဖေးမချင်သည်။

EvermoreWhere stories live. Discover now