💘 Part - 7 💘
-------------"မနေ့ညနေက မင်းဘယ်သွားတာလဲ ဒီနိုင်း"
လေသံခပ်ဆတ်ဆတ်ဖြင့် မေးလာသည့်အာမန်ဒါကြောင့် စိတ်ထဲဖျင်းခနဲဖြစ်သွားပေမယ့် နိုင်းအဖြစ်ကိုသိနေသောဝေလ်က ခြေထောက်တက်နင်းခြင်းဖြင့် သတိပေး၏။
လက်ရှိအချိန်ဟာ အာမန်ဒါယုံကြည်အောင် နေပြရမည့်အချိန်မို့ လုပ်ချင်တာလုပ်ခွင့်မရတော့သည့် နိုင်းအဖြစ်ဟာ ဆုပ်လည်းစူး၊ စားလည်းရူး.."ဒီအတိုင်းအပြင်ထွက်သွားတာပါ ဘာဖြစ်လို့လဲ"
"မင်းထွက်သွားလို့ ငါ့အစ်ကိုက Dinnerမလုပ်လိုက်ရဘူးလေ"
Dinnerက နိုင်းတို့အစီအစဥ်ထဲမှာမှမပါဘဲ..
နိုင်းအကြည့်တွေ ဝေလ့်ဆီတစ်ချက်ရောက်သွားကာ မျက်နှာကိုပြန်ပြင်ပြီး ခပ်စူးစူးကြည့်နေသောအာမန်ဒါ့ကို အားနာသလိုရယ်ပြလိုက်သည်။"Sorryပါ နိုင်းနဲ့ဒါလင် တိုင်ပင်ထားတဲ့အထဲမှာ Dinnerမပါဘူးလေ နိုင်းကမိဘမဲ့ဂေဟာတစ်ခုခုမှာ Donationလုပ်ချင်တာ"
"ဒါပေမယ့် Dinnerလုပ်မှ မင်းတို့လက်ထပ်တာကို ကျယ်ကျယ်ပြန့်ပြန့်သိမယ်မလား အခုလုပ်နေတာက ဟန်ဆောင်နေသလိုပဲ
ငါ့အစ်ကိုကို ဟန်ဆောင်လက်ထပ်နေတာလား မချစ်ဘဲနဲ့လေ.."တည့်တည့်ကြီးမေးပြီးမှ ဟာသတစ်ခုလို စကားလျှောချသွားပြီး ခပ်ပြုံးပြုံးမျက်နှာဖြင့် လိမ္မော်ရည်ခွက်ကိုမြှောက်ပြ၍ စိုးထိတ်သွားမိတာအမှန်။
အာမန်ဒါနယ်လ်ဆင်ဟာ စကားအပြောအဆိုမှာ ပညာသားပါသလို သူ့စကားတွေဟာ ခြေလှမ်းမမှားစေနဲ့ဟု အမိန့်ပေးလိုက်သည့်နှယ်။
နိုင်းရယ်ပြလိုက်ပြီး ဝေ့လ်ကိုပြန်ငဲ့ကြည့်ကာ လက်ချင်းဆုပ်ကိုင်ထားလိုက်တော့ ဒါကို အာမန်ဒါက မသိမသာကြည့်နေ၏။"ပြောပါဦး ဘယ်လိုတွေ့ကြတာလဲ"
"သူ့အဖေရဲ့ကုမ္ပဏီမှာ ငါကရှယ်ယာတွေယူထားတယ် အဲ့ဒီမှာပဲ အလုပ်ကိစ္စကြောင့်၊ လူမှူရေးကြောင့် သူတို့အိမ်ကို အဝင်အထွက်လုပ်ရင်း ဆုံကြတာ"
"ဪ!!"
ခပ်လေးလေးထွက်လာသော အာမေဍိတ်သံက ဝေလ့်ကိုမယုံသလိုအကြည့်တွေဖြစ်ပြီး လိမ္မော်ရည်ခွက်ကိုလက်မှာ ကစားနေရင်း ခပ်မျဥ်းမျဥ်းတစ်ငုံသောက်၏။
ပြီးမှစားပွဲပေါ်အသာအယာချပြီး ဇွန်းနှင့်ခက်ရင်းကိုကောက်ကိုင်ကာ...
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...