💘 Season II Part - 21 💘
--------------------သူတို့အရင်နေခဲ့ဖူးသည့်အိမ်လေးသည် ဆေးအရောင်ပြောင်းထားခြင်းမှအပ သစ်လွင်နေဆဲဖြစ်ကာ ခြံစည်းရိုးဖြူဖြူလေးတွေတော့ အသစ်ဖြစ်၏။
ဇေယျာ့ကောင်းမှုဖြင့် သန့်ရှင်းနေသည့်အိမ်လေးဟာ ဘာမှလုပ်စရာမလိုဘဲ အဆင်သင့်ဝင်နေလိုက်ရုံသာ…
သို့သော် နိုင်းက အိမ်ရှေ့မှာရပ်ပြီး အိမ်လေးကိုမော့ကြည့်နေဆဲ…"မင်းနဲ့ကိုယ် နေခဲ့ဖူးတယ်လေ"
နိုင်းက ခေါင်းလေးကို ဖြည်းညှင်းစွာညိတ်ပြပြီး မျက်နှာလေးမဲ့သွားကာ ခြံအဝင်စ ပလက်ဖောင်းဘက်ကို မျက်နှာမူ၏။
"သံလွင်နဲ့ရန်ဖြစ်တာ ဘယ်သူလဲ"
"ရန်ဖြစ်တယ် ဘယ်တုန်းကလဲ"
ရယ်ဟဟဖြင့်ပြန်မေးလိုက်မိပေမယ့် နိုင်းမေးသည့်လူကို ချက်ချင်းသတိရလိုက်သည်။
နိုင်းဟာ ထိုလူ့ကို ဘာကြောင့်သတိပြန်ရနေတာလဲ…"ဒီနားလေးမှာ သံလွင်သူ့ကိုဆွဲထိုးလိုက်တယ် ဘယ်သူလဲတော့မသိသေးဘူး ဒါပေမယ့် နိုင်းစိတ်ထဲမုန်းနေသလိုပဲ ဒီနွေ့နာမည်ကြားလိုက်ရတုန်းကလို"
ဇဝေဇဝါဖြစ်နေသေးသည့်နိုင်းကို လက်ကလေးမှဆွဲယူပြီး အိမ်ထဲကိုပဲခေါ်လာခဲ့တော့ နိုင်းက အိမ်အတွင်းပိုင်းကိုလည်း လိုက်ကြည့်နေ၏။
နိုင်းက သတိပြန်ရလွယ်ပေမယ့် သတိရရန်တစ်ခုခုကိုသိမြင်ဖို့လိုအပ်သေးသည်မလား။"အခုမှအိမ်ပြန်ရောက်သလိုခံစားရတယ် နိုင်း တောင်ကြီးမှာတုန်းက ဒီလိုမဖြစ်ဘူး"
အခုမှ အတိအကျသတိရသွားဟန်ဖြင့် နိုင်းက ဟီးခနဲရယ်ကာ သူ့အနားကိုခုန်ပေါက်ပြီးရောက်လာ၍ နိုင်းပါးလေးကိုဆွဲဖဲ့လိုက်သည်။
ရယ်မြူးရိပ်တွေဖြင့် အိမ်ပြန်ရောက်လို့ ပျော်နေသည့်မျက်နှာလေးဟာ ပကတိအပြစ်ကင်းစင်လွန်း၍ သူ့စိတ်ထဲမလုံမလဲဖြစ်သွားမိသေးသည်။"ကိုယ်ပြောစရာရှိတယ်"
"အင်း ပြောလေ"
"ဒီကိုလာတာ အမေ့ကိုကြိုရုံသပ်သပ်ပဲမဟုတ်ဘူး"
"နိုင်းကို အိမ်မက်ဆိုးတွေမမက်အောင် psychologistနဲ့ပြမလို့မလား နိုင်းသိပါတယ် သံလွင်ဖုန်းပြောနေတာကြားလိုက်တယ်"
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...