💘 Season II Part - 12 💘
-------------
ဒီနိုင်းပြန်မလာသေး၍ အိမ်ရှေ့ထွက်စောင့်ရင်း ဒရိုက်ဘာလူကြီးဆီ ဖုန်းခေါ်နေမိကာ ထိုလူကြီးကလည်း ဖုန်းမကိုင်။
ဒီနယ်မြေမှာ ရန်သူမရှိသလို ထက်ဘုန်းလျှံ၏အရှိန်အဝါကြောင့် Leoponမှလွဲ၍ ဘာအဖွဲ့အစည်းမှမရှိတာမို့ သိပ်စိတ်မပူပေမယ့် နိုင်းက သိပ်နေကောင်းသေးတာမဟုတ်။
ကားစီးချင်လို့ဆိုပြီး ထွက်သွားတာ ညနေကတည်းကဖြစ်ကာ အခုထိပြန်မရောက်သေး…တီ!! တီ!!
ဟွန်းသံကြားလိုက်ရ၍ ခြံတံခါးနားအပြေးသွားလိုက်တော့ အိမ်ကကားမဟုတ်ဘဲ Nissanကားအနက်လေးဖြစ်ကာ ကားမောင်းသူနေရာမှ မှန်ချလာ၏။
ထိုလူဟာ သံလွင်မင်းခဖြစ်နေ၍ တံခါးကိုဖွင့်ပေးလိုက်တော့ သံလွင်မင်းခက ခြံထဲမောင်းဝင်လာခဲ့ကာ အနောက်ကပါလာတာကတော့ ဒီနိုင်းအတွက်ပေးထားသည့်ကား…"နိုင်း"
ငိုထားပုံရသည့် မျက်လုံးမို့မို့လေးတွေကြောင့် စိုးရိမ်စိတ်က ငယ်ထိပ်အထိရောက်ကာ နိုင်းကိုလက်ကမ်းပေးလိုက်တော့ နိုင်းက သူ့လက်ကိုပြန်မယူဘဲ ဒီအတိုင်းဆင်းလာ၏။
ခြေမခိုင်သေးပေမယ့် နိုင်းက လဲကျမသွားပါဘဲ နှုတ်ခမ်းလေးကိုက်ပြီး အိမ်ဆီသို့ တစ်လှမ်းချင်းလျှောက်နေသည်။
ဒီပုံစံနဲ့ သံလွင်မင်းခဆီသွားတာလား…"ဒီနေ့ညကစပြီး မင်းက ငါ့လူနာပဲ"
အိမ်ရှေ့မှာရပ်ကြည့်နေသည့် သံလွင်မင်းခဆီက အသံထွက်လာတော့ နိုင်းမျက်နှာလေးပိုတင်းသွားကာ သူ့ဆီလက်လှမ်းလာ၏။
သူကတော့ ဘာဖြစ်လာသလဲမသိသည့် ထိုနှစ်ယောက်ကြား အူကြောင်ကြောင်ဖြစ်သွားရပြီး နိုင်းလက်ကိုတွဲကာ အိမ်ထဲပြန်ဝင်လာခဲ့သည်။
သံလွင်မင်းခကလည်း သူတို့နောက်မှလိုက်လာပြီး ခုတင်ပေါ်မှာ နိုင်း ထိုင်ချလိုက်သည်နှင့် ဆေးပစ္စည်းတွေကိုထုတ်ယူပြီး ဆေးမှတ်တမ်းကိုပါ လှမ်းယူသည်။"အခြေအနေက မဆိုးတော့ဘူး ဒါပေမယ့် ဒီနေ့အတွက် လမ်းလျှောက်တာများနေပြီ အိပ်ရာထဲလှဲလိုက် ငါမင်းကို စစ်စရာတွေရှိသေးတယ်"
ဆိုပေမယ့် နိုင်းက မျက်လွှာလေးချကာ ငြိမ်သက်နေဆဲ။
ထိုအခါ သံလွင်မင်းခက ဆေးမှတ်တမ်းကိုအသံထွက်အောင်ပိတ်ပစ်လိုက်၍ လန့်ဖျပ်သွားပုံဖြင့် နိုင်း တစ်ကိုယ်လုံးတုန်ယင်သွား၏။
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...