S-2 (18)

7.8K 344 7
                                    


💘 Season II Part - 18 💘

-------------

"နင် ပါပါးဆီသွားမှာဆို"

ရှုတင်းတင်းဖြင့် စကားပြန်ပြောလာသော နိုင်းကြောင့် သေနဝာ်တွေကိုစစ်ဆေးနေရာမှ မော့ကြည့်လိုက်မိသည်။
မနေ့ညကအထိ သူနဲ့မျက်နှာချင်းမဆိုင်ချင်သော အစ်မတော်က ဘာစိတ်ကူးတွေပေါက်ပြီး စကားလာပြောနေလဲမသိ။
အိမ်နေရင်းမို့ ပန်းနုရောင်ဂါဝန်ရှည်ရှည်ဖြင့် နှင်းဆီတစ်ပွင့်လို အစွမ်းကုန်လှနေသော သူမက မျက်စောင်းချီနေ၍ ခေါင်းညိတ်ပြလိုက်သည်။

"ပါပါးဆီသွားမယ်ဆိုလည်းသွား ငါကမေးတယ်လို့ပြောလိုက်ဦး"

"နင်ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"

"ငါပြောသလိုသာပြောစမ်းပါ လျှာမရှည်နဲ့"

ထိုအချိန် ခြံထဲဝင်လာသည့်ကားသံကြောင့် စူပုတ်နေရာမှ လှစ်ခနဲပြုံးသွားသည့်နိုင်းသည် ကလေးပိစိလေးလိုခုန်ပေါက်ကာ အိမ်တံခါးဝအထိရောက်သွား၏။
ထိုကားသံဟာ သေချာပေါက် သံလွင်မင်းခပဲဖြစ်ရမည်။

"ဒီနေ့ဆေးသောက်ပြီးပြီလား"

"အင်း သောက်ပြီးပြီ"

မမြင်ရခင်မှာပဲ စကားသံတွေကြားလိုက်ရပြီး သံလွင်မင်းခအသံက ခါတိုင်းလိုမဟုတ်ဘဲ နွေးထွေးချိုမြနေသလို ဒီနိုင်းအသံကလည်း စောစောကလို မာရေကျောရေမဟုတ်တော့။
ဒီနှစ်ယောက်ဟာ ပြေလည်ရေးရသွားပြီဟု အကြမ်းဖျင်းခန့်မှန်းမိချိန် သံလွင်မင်းခလက်မောင်းကိုဖက်ပြီး အိမ်ထဲဝင်လာသောနိုင်းကြောင့် ခွိခနဲရယ်မိသွားသည်။

"ဒီရေနဲ့ရော စကားပြောပြီလား"

ထိုအခါမှ မယ်မင်းကြီးမ စကားပြန်ပြောရသည့်အကြောင်းရင်းကို သူသိခွင့်ရလိုက်ကာ နိုင်းကို ဂြိုဟ်ကြည့်ကြည့်မိသည်။
ဒင်းက စိတ်ရင်းနဲ့မဟုတ်ဘဲ ဘဲက ခေါ်ဆိုလို့ခေါ်ရတာပေါ့…
တကယ် လင်ထိပ်ထားစံမ…

"နိုင်းကခေါ်ပါတယ် သူကစူပုတ်နေတဲ့ဟာ"

ထိုအခါ သံလွင်မင်းခက သူ့ဘက်လှည့်လာသောကြောင့် စူပုတ်နေမိသောမျက်နှာကို ချက်ချင်းပြင်လိုက်ပြီး ပြုံးပြလိုက်၏။
သို့သော် သူတို့မောင်နှမကိုလည်း ပြေလည်စေချင်ပုံရသော သံလွင်မင်းခက ဧည့်ခန်းဆိုဖာမှာ ထိုင်ချလိုက်ပြီး…

EvermoreWhere stories live. Discover now