12

7.1K 236 16
                                    

💘 Part - 12 💘
-------------

"အံမယ် မှိုရတဲ့ရုပ်ကြီးနဲ့"

ဒီရေ့အသံနှင့်အတူ တခစ်ခစ်ရယ်သံတစ်ခုကြားလိုက်ရကာ စည်းချက်ညီသည့်ဒေါက်ဖိနပ်သံက ပိုပြီးကျယ်လောင်လာသည်။
ပြန်တည့်သွားပုံရသော ထိုမောင်နှမနှစ်ယောက်ဟာ သီချင်းတစ်ပုဒ်ကိုအတူတူဆိုကာ ရယ်သံတွေပါထွက်လာ၍ အိပ်ယာထဲကထထိုင်ကာ အခန်းအပြင်ထွက်လာခဲ့သည်။
ထင်ထားသည့်အတိုင်း နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ခါးဖက်ထားရင်း လက်တွေဆန့်တန်းရင်း အော်ဟစ်ခုန်ပေါက်နေရာမှ သူ့ကိုတွေ့လိုက်သည်နှင့်ရပ်သွားတော့၏။

"ဘာဖြစ်လာတာလဲ"

"ပွဲခံနေတာလေ ဒီနိုင်းကို ဟိုဆရာဝန်က လက်ထပ်ခွင့်တောင်းလိုက်လို့"

"ဘာ!!"

ညနေကတည်းက ဒေါသဖြစ်နေ၍ သူ့အသံကျယ်လောင်သွားသည့်အခါ မောင်နှမနှစ်ယောက်လုံး တွန့်ခနဲဖြစ်သွားကြ၏။
သံလွင်မင်းခရဲ့ လက်ထပ်ခွင့်တောင်းခြင်းဟာ သူ့အတွက် ထိခိုက်လာစေမည့်အရာဟု ထင်နေမိကာ အစီအစဥ်တွေ ပျက်သုဥ်းသွားမှာကိုလည်း စိုးရိမ်သွားမိသည်။
ထို့ကြောင့် ခါးထောက်ပစ်လိုက်ရင်း ဒီနိုင်းကို ခပ်စူးစူးကြည့်လိုက်ကာ…

"မင်း ဘယ်သူ့ရဲ့လက်ထပ်ခွင့်ကိုပဲ လက်ခံခဲ့ လက်ခံခဲ့ ငါ့ကိစ္စမပြီးမချင်း အဲ့ဒီလက်ထပ်ခွင့်ကို ခေါင်းထဲကထုတ်ထား"

"ကိုကြီး"

"မင်းဝင်မပြောနဲ့ ကလေး ငါဒီနိုင်းကို​ပြောနေတာ"

မအော်စဖူး ဒီရေ့ကိုအော်ငေါက်ပစ်လိုက်တော့ ထိုကလေးဟာ မျက်စိပျက်နှာပျက်သွားသလို ဒီနိုင်းကလည်း မောင်ဖြစ်သူကိုငဲ့ကြည့်ရင်း ချက်ချင်းတင်းမာသွားတော့သည်။
ထို့ကြောင့် ဒီရေ့ကို ခါးဖက်ထားရာမှ လွှတ်ကာ…

"ဒီလက်ထပ်ခွင့်က ဒါလင့်အစီအစဥ်ကို မထိခိုက်စေရဘူးဆိုရင် ရပြီမလား"

"အေး.. သတိရနေတာကိုပဲ ကျေးဇူးတင်တယ်"

"နိုင်းကို လိုက်မချုပ်ချယ်ရင် ပိုပြီးကျေးဇူးတင်မိမှာ ခေါင်းထဲကထုတ်ထားဖို့အထိတော့မလိုဘူး ဒါလင် နိုင်းလုပ်ရမယ့်အလုပ်ကို နိုင်းသိတယ်"

EvermoreWhere stories live. Discover now