S-2 (27)

8K 292 8
                                    

💘 Season II Part - 27 💘

-------------

ဒီနေ့ဟာ တနင်္ဂနွေနေ့မို့ နိုင်း ဘုရားကျောင်းတက်ဖြစ်ပြီး သံလွင်ကတော့ နိုင်းကိုလိုက်ပို့ပေးပြီး ဆေးရုံမှစောင့်တော့မည်ဆိုသည်။
ဆေးရုံနဲ့ဘုရားကျောင်းဟာ သိပ်မဝေးတာမို့ နိုင်းလည်းခွင့်ပြုလိုက်ပြီး ဘုရားကျောင်းထဲဝင်လာခဲ့ကာ နေရာယူထားလိုက်သည်။

နိုင်းရောက်သွားချိန်မှာတော့ တရားဟောစင်မြင့်ရှေ့တွင် ဘုန်းတော်ကြီးက သခင်ယေရှူ၏မေတ္တာတော်ကိုချီးမြှောက်နေသည်။
စန္ဒယားသံ သဲ့သဲ့နှင့် ဘုရားကျောင်းတက်သူတွေ ထရပ်လိုက်ကြတော့ နိုင်းလည်းမထိုင်ဖြစ်တော့ဘဲ စစ္စတာကြီးတွေအစပျိုးသော ဓမ္မသီချင်းကို လိုက်သီဆိုရင်း ပူဇော်လိုက်၏။

"အို.. သခင် ကိုယ်တော်၏ဗိမာန်တော်၌ မည်သူနေထိုင်ပါမည်နည်း ------"

ထို့နောက် ဘုန်းတော်ကြီးက သခင်ယေရှူ၏ အသွေးအသားလှူဒါန်းခြင်းအကြောင်းကို ဟောကြားပြီး ထိုတရားအပြီးမှာ ရှင်မာကု၏ကျမ်းစာကိုဖတ်ကြားသည်။
ကျမ်းစာဖတ်အပြီးတွင် ဓမ္မသီချင်းတစ်ပုဒ်ကိုသီဆိုကာ သီချင်းအပြီးမှာ ဘုန်းတော်ကြီးက မုန့်ခွံ့ကျွေးတာမို့ ထိုမုန့်ကို စင်မြင့်ရှေ့မှာရပ်ပြီးစားလိုက်သည်။

"ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းတွေ သင့်ကိုစောင့်ရှောက်ပါစေ"

"ကိုယ်တော့်ကိုလည်း စောင့်ရှောက်ပါစေ"

ဝတ်ပြုအပြီးမှာ ဘုရားကျောင်းကထွက်လာခဲ့ရင်း သံလွင့်ဆီဖုန်းဆက်ကာ ပြန်လာဖို့ခေါ်လိုက်သည်။
ဘုရားကျောင်းတံခါးဝ၏ ကျောက်ဖြူလှေကားတွေအဆင်းမှာ westernဝတ်စုံဖြင့် လူကြီးတစ်ယောက်ရှိနေကာ ထိုလူကြီးအနားမှာလည်း တခြားလူတွေရှိနေသည်။
ထူးဆန်းနေတာက နိုင်း ထိုလူကြီးကိုမှတ်မိနေ၏။

"ဒီနိုင်း"

ဟု ပီပီသသနှုတ်ဆက်လာတော့ နိုင်းစိတ်ထဲပိုသေချာသွားပြီး ထိုလူကြီးရှေ့ သွားရပ်လိုက်သည်။
ထိုလူကြီးက နိုင်းကိုဦးညွတ်ကာ စာအိတ်ကြီးတစ်အိတ်ကိုလှမ်းပေးရင်း…

"I'm a servant of Nelson family"
(ကျွန်တော်က Nelsonမိသားစုရဲ့အစေခံပါ)

Nelson Familyဆိုပါလား။
နိုင်းမျက်လုံးထဲမြင်လာသော ဒီလူကြီးရဲ့ပုံရိပ်သည် အစေခံမဟုတ်ပါဘဲ အိမ်တော်ထိန်းသာဖြစ်သည်။
သခင်အပေါ် ရိုသေကျိုးနွံသော၊ တာဝန်သိသောလူကြီးဖြစ်ပြီး ဒီလူကြီးဟာ နိုင်းခင်ပွန်းဟောင်းရဲ့…

EvermoreWhere stories live. Discover now