S-2 (19)

8.2K 333 14
                                    

💘 Season II Part - 19 💘

-------------

စူးစူးရှရှဖုန်းသံကြောင့် အိပ်မှုန်စုံဝါးဖြစ်နေရာမှ မျက်လုံးမဖွင့်သေးဘဲ လက်ကဖုန်းကိုလိုက်စမ်းမိကာ အရေးကြီးလူနာလားဟု ဖုန်းကိုနားထောင်လိုက်၏။
တစ်ဖက်ကအသံဟာ အမျိုးသမီးအသံဖြစ်ပြီး ဆေးရုံကလားဟု ကြည့်မိတော့ နိုင်းတို့အိမ်ဖုန်းနံပါတ်…
ဆတ်ခနဲထထိုင်မိကာ နိုင်းတစ်ခုခုဖြစ်လို့လားဟု ကြောက်ရွံ့စိတ်တွေဖြစ်လာမိတာက အစိုးမရ။

"ဆရာ အားတော့နာပါတယ် အခုလာလို့ရမလား"

"နိုင်း ဘာဖြစ်လို့လဲ"

"မသိဘူးဆရာ နိုင်းလေးအတင်းရုန်းနေတယ် ဒီရေကလည်း ခရီးထွက်သွားတော့"

"ကျွန်တော်လာခဲ့မယ်"

သူ ပြာယာခတ်သွားမိကာ ဆေးအိတ်ကိုပြင်ဆင်ပြီး အိမ်ကချက်ချင်းထွက်လာခဲ့သည့်အခါ နိုင်းတို့အိမ်ကိုရောက်တော့ မနက်၁နာရီ။
နိုင်းတစ်ခုခုဖြစ်သွားမှာ စိုးရိမ်စိတ်ဖြင့် အခန်းထဲအထိ ပြေးဝင်လာခဲ့သည့်အခါ နိုင်းက ခေါင်းစုတ်ဖွားလေးဖြင့် မျက်ရည်တွေဝဲနေရင်း သူ့ကိုမော့ကြည့်သည်။

"ဘာဖြစ်လို့လဲ နိုင်း"

"မောတယ်"

ထပ်ဖြစ်ပြန်ပြီလား။
စိုးရိမ်စိတ်ဖြင့် နိုင်းကိုပြန်လှဲစေကာ သွေးပေါင်ချိန်တိုင်းတော့ သွေးကပုံမှန်ဖြစ်ကာ Heartbeatကသာ ခါတိုင်းထက်မြန်နေ၏။
နိုင်းမျက်နှာလေးကိုကြည့်မိတော့ သူမက တအိအိငိုနေပြီး အသံလည်းမထွက်တာမို့ အဒေါ်ကြီးတွေကို စိတ်မပူဖို့ပြောကာ အနားယူခိုင်းလိုက်တော့သည်။

"ရရဲ့လား ဆရာရယ် ကလေးက ငိုနေတော့"

"အိမ်မက်ဆိုးတွေမက်တာပါ အရင်ကအကြောင်းတွေလေ.. အန်တီတို့သွားအိပ်လိုက်ပါ ကျွန်တော်ပဲစောင့်ပေးလိုက်တော့မယ်"

အန်တီကြီးနှင့်ဦးလေးကြီး ထွက်သွားတော့မှ သူ အခန်းတံခါးပိတ်ကာ lockချလိုက်ပြီး နိုင်းအနားကိုပြန်လျှောက်လာခဲ့သည်။
သူမက မွေ့ရာပေါ်မှာထိုင်ကာ သူ့ကိုမော့ကြည့်ရင်း…

"နိုင်း ကိုယ့်ကိုယ်ကို ပုလင်းကွဲနဲ့ထိုးဖို့လုပ်တယ် အဲ့ဒါမအောင်မြင်တော့ အိမ်ခေါင်မိုးပေါ်က ခုန်ချတယ် အမြင့်ကြီးပဲ အဟင့်!!
တကယ်အမြင့်ကြီးကနေခုန်ချတာ"

EvermoreWhere stories live. Discover now