💘 Season II Part - 22 💘
-------------
"နိုးပြီလား"
ဖက်လုံးကိုဖက်ပြီးအိပ်နေသည့် နိုင်းက မျက်နှာလေးမော့လာပြီး အိပ်ချင်မူးတူးဖြင့် ခေါင်းလေးညိတ်ပြသည်။
ငရှိုင်းဆီက ပြန်ရောက်ကတည်းက အိပ်နေသည့်သူမကို စိုးရိမ်စိတ်ဖြင့် စောင့်ကြည့်ခဲ့ပေမယ့် အိပ်ရေးဝသွားပုံရသည့်မျက်နှာလေးက ဖောင်းဖောင်းလေးဖြစ်နေ၏။ပါးလေးကိုဖွဖွလေးဆွဲလိမ်လိုက်တော့ နိုင်းက ထထိုင်ကာ မျက်လုံးတွေကိုပွတ်သပ်ရင်း ကလေးတွေလို လက်နှစ်ဖက်ဆန့်ပေးသည်။
ထို့ကြောင့် ခါးလေးကနေ ပွေ့ချီလိုက်တော့ သူ့ကိုပြန်ဖက်ထားသည့်အပြင် ခြေထောက်ကလေးတွေကပါ ချိတ်ထားတာမို့ တကယ့်ကလေးပိစိလေးအလား။"အိပ်လို့ကောင်းလိုက်တာ"
"ပြန်မအိပ်ပါနဲ့တော့ကွာ မနက်စာစားမယ်လေ ၉နာရီတောင်ထိုးတော့မယ် မင်းကိုစောင့်နေတာ"
"စားနှင့်တာတော့မဟုတ်ဘူး ကိုက"
"စားစရာလေးက အိပ်နေတာကို"
"အာ!!"
ရှက်ကိုးရှက်ကန်းရယ်သံလေးဖြင့် သူ့ရင်ဘတ်ကိုထုနေ၍ စိုးရိမ်စိတ်ကိုလွှတ်ချလိုက်ကာ နိုင်းကို ရေချိုးခန်းအထိပွေ့ချီခဲ့သည်။
အထဲရောက်မှ ဘေစင်ပေါ်တင်ပေးကာ သူမမျက်နှာသစ်နေတုန်း သွားတိုက်ဆေးထည့်ပေးလိုက်ပြီး မျက်နှာသစ် သွားတိုက်နေသော ကိုယ့်မိန်းမကို သေချာကြည့်နေမိသည်။ရေစိုသွားတော့မှ မျက်တောင်ကော့ကော့လေးတွေက ပိုပြီးထင်းလာသလို မျက်ခုံးပါးပါးလေးကလည်း ပိုပြီးပေါ်လွင်လာ၏။
သေချာတာကတော့ နိုင်းဟာ ရေစိုနေရင်ပိုလှမည့်ပုံမျိုးဖြစ်ကာ သင်္ကြန်တွေဆို အိမ်ထဲပိတ်ထားရမည်။
Beachတွေသွားဖြစ်ရင်လည်း လူမရှိမှ ရေထဲဆင်းခိုင်းရမည်ဟု ယုတ်မာသည့်အတွေးတွေ ဝင်လာတော့သည်အထိ။"ဘာတွေပြုံးနေတာလဲ သူများကိုကြည့်ပြီး"
"လှလို့"
နိုင်းရဲ့ကျောဘက်မှာ ရပ်လိုက်ကာ သူမခါးလေးကိုသိုင်းဖက်ရင်း လက်ကလေးတွေကိုပါ ဆုပ်ကိုင်ထားလိုက်တော့ နိုင်းက ပခုံးလေးတွေလှုပ်ခတ်သည်အထိ ရယ်နေ၏။
မတ်တပ်ရပ်နေတာချင်းအတူတူ သူ့ပခုံးမှီရုံသာအရပ်ရှည်သောနိုင်းကြောင့် မှန်ထဲမှာ သူ့မျက်နှာက ရှင်းရှင်းလင်းလင်းမြင်နေရသည်။
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...