20

7.8K 292 8
                                    

💘 Part - 20 💘
-------------

"နိုင်း အိပ်နေတုန်းလား"

မနက်ကမှ ဆေးတစ်စုံတိုက်ကာ ပြန်အိပ်ခိုင်းထားခဲ့သော နိုင်းက သူ ပြန်ရောက်သည့်အချိန်ထိလည်း မနိုးသေး။
အထုတ်တွေကို ခုတင်ခြေရင်းမှာချလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော မျက်နှာပြောင်ပြောင်လေးကို အမြတ်တနိုး ငုံ့ကြည့်မိသည်။

အိပ်ပျော်နေတာတောင် သူမ သိပ်လှပါ၏။
မျက်တောင်လေးတွေကလည်း ထူနက်ကော့ညွတ်နေသလို စိုစိုအိအိနှုတ်ခမ်းလှလှလေးကလည်း ဘယ်အချိန်ကြည့်ကြည့် ခြောက်သွေ့နေတာမျိုးမရှိ။
ငွေမှင်ရောင်ဆံပင်တွေ၊ ပန်းဆီရောင်ဟိုက်လိုက်တွေဖြင့် နိုင်းဆံပင်တွေက သိပ်မထူပေမယ့် ပါးပါးလေးလည်းမဟုတ်၍ ထိုဆံပင်တွေ ဖရိုဖရဲပြန့်ကျဲနေပုံက ဒဏ္ဍာရီဆန်၏။

လက်ကလေးကိုဆွဲယူကာ နှုတ်ခမ်းဖြင့်ထိကပ်နမ်းရင်း ခေါင်းထဲဝင်လာသောအတွေးတစ်ခုဖြင့် ငြိမ်သက်သွားမိသည်။
မပြည့်စုံသေးသော သူ့ဘဝထဲ သူမကိုယ်တိုင်ကလည်း ဝင်လာသလို သူကိုယ်တိုင်ကလည်း ဆွဲခေါ်မိခဲ့ပြီမို့ ဒီဟာလေးကို ဘယ်နေရာသွားထားရပါ့မလဲ…

"အွန်း..."

ပျင်းကျောဆန့်ရင်း နိုင်းက တစ်ဖက်လှည့်သွား၍ ထိုကိုယ်လုံးသေးသေးလေးကို ပွေ့ယူလိုက်တော့ သူမဆီက အီးခနဲအသံလေးထွက်လာ၏။
ထိုအသံလေးဟာ နှာသံလည်းပါနေ၍ လည်ပင်းကိုစမ်းကြည့်မိတော့ ခပ်နွေးနွေးလေးဖြစ်နေ၍ ရင်ထဲထိတ်ခနဲဖြစ်သွားမိသည်။
နိုင်းက သူ့ရင်ဘတ်မှာမျက်နှာလေးကပ်ရင်း မျက်လုံးမဖွင့်သေးဘဲ…

"အိပ်ဦးမယ်"

"ခဏနေမှပြန်အိပ်ကွာ နေ့လည်စာ စားမယ်လေ ပြီးတော့ မင်းနည်းနည်းဖျားနေတယ် ဆေးသောက်ရမယ်"

"မထချင်ဘူး"

မျက်နှာလေးရှုံ့မဲ့ကာ ရင်ခွင်ထဲမျက်နှာလေးကပ်လာသော နိုင်းကို နဖူးလေးထပ်စမ်းမိပြန်သည်။

"မထချင်လည်း ဒီလိုလေးပဲမှီနေ.. စားဖို့ ကိုယ်ယူလာခဲ့မယ်"

"အင်္ကျီလဲချင်တယ် ဘာဝတ်ရမလဲဟင် သံလွင့်အင်္ကျီတွေ.."

EvermoreWhere stories live. Discover now