22

8.8K 308 8
                                    

💘 Part - 22 💘
-------------

နိုင်းအိပ်ယာကနိုးတော့ မထချင်လောက်အောင် ညောင်းနေ၍ အိပ်ရာထဲလူးလိမ့်ရင်း စောင်ကို ခေါင်းပေါ်အထိဆွဲခြုံပစ်လိုက်သည်။
ရယ်သံသဲ့သဲ့နှင့်အတူ စောင်ကိုဆွဲချခြင်းခံလိုက်ရပြီး မျက်လုံးတွေဖွင့်ကြည့်မိတော့ နိုင်းကိုငုံ့မိုးကြည့်နေသည့် သူ…

"ထတော့ ၇နာရီထိုးတော့မယ်"

နိုင်းဆံပင်တွေကို တယုတယဖိသပ်ကာ တိုးဖွသောအသံဖြင့် နှိုးလာသည့်အခါ နှာခေါင်းလေးရှုံ့ပစ်လိုက်မိသည်။

"အစောကြီးရှိသေးတယ် အိပ်ချင်သေးတယ်"

"ပြီးမှပြန်အိပ်ကွာ အခု ကိုယ့်ကိုမနက်စာကျွေးဦး"

"အမ်!! ဘာ!!"

နိုင်း ပြူးပြူးပြဲပြဲအော်ကာ ထထိုင်တော့ သံလွင်က နိုင်းကိုကြည့်ပြီးရယ်နေ၍ မျက်စောင်းထိုးပစ်လိုက်မိတာ ခပ်ပြင်းပြင်း။
သူ့ပုံစံက ဆေးရုံသွားမည့်ပုံလည်း မပေါ်ဘဲ တီရှပ်တစ်ထည်နှင့် ကချင်ပုဆိုးကိုဝတ်ထား၍ ဒီအတိုင်းလည်း ခန့်ညားနေပြန်သည်။

"လူကြည့်တော့ ချောချောမောမော ခန့်ခန့်ညားညားနဲ့ နှာဗူးအရမ်းကျတာပဲ မနက်၃နာရီအထိ"

"နှာဗူးနဲ့ဂန်ဒူး နှစ်မျိုးပဲရှိတာကိုကွာ ငါမကွေးဘူးလို့ပြောသားပဲ ဘယ်သူကခဏခဏရန်စတာလဲ
ပိုးဟပ်ကြည့်မလား အတူတူကြည့်ပေးမယ်"

"မကြည့်ဘူး"

"အဲ့ဒါဆိုတခြားWebsite"

"သံလွင်နော် ဘာလို့လိုက်စနေတာလဲ"

ရှက်ရှက်နှင့်ကျုံးအော်တော့မှ သံလွင်ကမျက်နှာပိုးသတ်သွားကာ နိုင်းအနားမှာထိုင်ချပြီး နိုင်းကိုယ်လေးကိုပွေ့ဖက်လာသည်။
နွေးထွေးလွန်းသော ဒီရင်ခွင်မှာ စိတ်ချလက်ချမှီခိုလိုက်ရင်း ကျောပြင်ကို သူပွတ်သပ်နေတော့မှ နိုင်း ဘာမှမဝတ်ရသေးမှန်း သတိရ၏။
ရှက်ကိုးရှက်ကန်းဖြင့် သူ့လက်တွေကိုဆွဲဖယ်ပစ်ကာ စောင်ကိုရင်ဘတ်ပေါ်အထိ ဆွဲခြုံလိုက်ရင်း…

"နိုင်း ဘာမှမဝတ်ရသေးဘူး"

"မဝတ်နဲ့လေ ကိုယ့်ကလေးက ဘယ်လိုနေနေ လှပြီးသား"

EvermoreWhere stories live. Discover now