27

6.4K 224 9
                                    

💘 Part - 27 💘
-------------

ဒီနေ့ဟာ နိုင်းတို့ပြည်ပကိုထွက်ရမည့်နေ့ဖြစ်ကာ လေဆိပ်ထဲကို မသိမသာဝေ့ကြည့်​ရင်း သူ လာမလားဟုမျှော်နေမိသည်။
နိုင်း အိမ်ပြန်ရောက်လာသည့်နေ့မှစ၍ အဆက်အသွယ်မရှိတော့သော သံလွင်ဟာ ဘာကြောင့်ရယ်မသိဘဲ တိတ်ဆိတ်လွန်းလှ၏။
သူ ဆက်ဆက်လာမည်ဟု ယုံကြည်ထားသည့်နိုင်းကတော့ မျက်စိကစားရင်း မျှော်နေမိဆဲ…

"ဒီနိုင်း ပါပါးဆီလာပါဦး"

လက်ဆန့်တန်းကာခေါ်လာသည့်ပါပါးကို တစ်ချက်ငဲ့ကြည့်ရင်း စိတ်မပါသည့်တိုင် ပါပါးအနားသွားကာ ပွေ့ဖက်နှုတ်ဆက်လိုက်သည်။
ပါပါးက နိုင်းဆံပင်တွေကိုသပ်ကာ ပခုံးကိုခပ်ဖွဖွပုတ်ရင်း…

"လိမ်လိမ်မာမာနေနော် သမီး ဝီလီယံကအလိုလိုက်ထားတယ်ဆိုတိုင်း မဆိုးရဘူး"

"ဟုတ်ကဲ့"

"ဒီရေရော"

ဒီရေကလည်း ခေါင်းညိတ်ပြကာ နိုင်းလက်တစ်ဖက်ကိုဆွဲယူတော့ ဒီရေ့လက်တွေဟာ အေးစက်နေလေသည်။
ဒါလင်နဲ့နိုင်းကို သဝန်တိုတတ်သော ဒီကောင်လေးဟာ ဒီခရီးစဥ်ကိုလိုက်ချင်ပုံမရဘဲ ခြေလှမ်းတွေအစ လေးဖင့်နေ၏။
ဒါလင်နဲ့လည်း စကားသိပ်မပြောတာမို့ သူတို့ချင်းစကားများထားသေးလားဟု အတွေးဖြင့် ဒါလင့်ကိုတစ်ချက်ကြည့်မိတော့ ဒါလင်က အေးအေးဆေးဆေးပင်။

"နင့်ကိုကြည့်ရတာတမျိုးပဲ ဒီရေ ဘာဖြစ်နေတာလဲ"

"ငါက ခဏပဲနေရမှာ"

"ဘယ်လို!!"

"နင် မနေတတ်မှာစိုးလို့ လိုက်ပေးရတာတစ်ခုပဲ နိုင်း"

"နင် အဆုံးထိငါနဲ့ရှိပေးမယ်လို့ ပြောဖူးတယ်မလား"

"ဒါအဆုံးပဲ"

နိုင်းစိတ်ထဲတမျိုးကြီးဖြစ်သွားတုန်း ဒါလင်က နိုင်းပခုံးကိုသိမ်းဖက်ကာ သူ့အနားရောက်အောင်ဆွဲယူလိုက်၍ လန့်ဖျပ်သွားမိသည်။
သို့သော် ပါပါးတို့လည်းရှိနေ၍ နိုင်း ပြန်မရုန်းဖြစ်ဘဲနေလိုက်ရပေမယ့် ဒါလင့်အပြုအမူကိုတော့ သဘောမကျ။

"လေယာဥ်တက်ရတော့မယ်"

"ဟင့်အင်း သံလွင်လာဦးမှာ"

EvermoreWhere stories live. Discover now