S-2 (14)

6.9K 325 10
                                    

💘 Season II Part - 14 💘

-------------

"သိပ်ကို လူသုံးနည်းတဲ့စကားလုံးလေးပေါ့ Evermoreဆိုတာကလေ"

သူမ အစချီလိုက်သည်နှင့် ဖျတ်ခနဲလင်းလက်သွားသည့်မျက်လုံးတွေက ဆာဟာရသဲကန္တရ၏ ညဘက်ထွက်သော ကြယ်ပွင့်တွေလို လင်းလက်နေသည်။
ဝေလ် ချစ်လည်း ချစ်ချင်စရာကောင်းလှသော
ထိုကလီယိုပါထရာလေးဟာ မာယာကင်းစင်လွန်းတာမို့ ပါးဖောင်းဖောင်းလေး ဆွဲဖဲ့လိုက်မိသည်။
သူမရော၊ ဝေလ်ရော ဒီလောက်ချစ်ရင် မူရင်းပိုင်ရှင်ဖြစ်သည့် သံလွင်မင်းခကရော…

"မင်းရဲ့လက်စွပ်ကလေး"

နိုင်းရဲ့လက်ကလေးကိုကြည့်ရင်း ထိုလက်ကလေးကိုဆွဲယူကာ လက်စွပ်ကိုချွတ်ယူလိုက်သည်။
နိုင်းရဲ့ Evermoreကို ဒီအထဲမှာဖွက်ထားခြင်းဖြစ်ကာ စိန်ရဲ့အောက်တည့်တည့်ရှိ ကလစ်ကလေးကိုဖိလိုက်တော့ ထိုကလစ်လေးက ပွင့်ဟသွားသည်။
အမှတ်တမဲ့ဆို ဒီဇိုင်းဟုထင်ရပေမယ့် ဤလက်စွပ်ဟာ အခေါင်းပေါက်လက်စွပ်ဖြစ်ပြီး ကလစ်ပြုတ်သွားသည်နှင့် အတွင်းထဲကထွက်လာသည့်အရာသည် ရွှေလက်စွပ်ကလေး…

"ဒီလက်စွပ်က သော့သ်လို့ခေါ်တဲ့ လက်စွပ်ကို ပုံတူလုပ်ထားတာ ရှေးအီဂျစ်တွေကတော့ အဆိပ်ထည့်ကြတယ် ရန်သူ့လက်မှာမသေချင်ရင် ကိုယ့်ဘာသာ သဝာ်သေလို့ရအောင်လေ"

"Aww"

"မင်းသိချင်တဲ့Evermoreက ဒီမှာ"

ရွှေလက်စွပ်ကလေးကိုထုတ်ယူပြီး နိုင်းဆီလှမ်းပေးလိုက်တော့ ဒီနိုင်းက မမှတ်မိသလို ခပ်စူးစူးလေးကြည့်နေပေမယ့် လှမ်းယူသည်။
တိုက်ဆိုင်မှုတွေရှိလာတိုင်း သတိပြန်ရတတ်မှန်း ဒီရေ့ဆီကသိထား၍ ဒီလက်စွပ်ကိုလည်း နိုင်း သတိရလောက်သည်။
ဒါ့အပြင် Evermoreဆိုတာ မြစ်နှစ်စင်းရဲ့သင်္ကေတပဲမလား…

"လက်စွပ်အတွင်းဘက်ထဲမှာ Evermoreလို့ပါတယ်"

"ဒါ နိုင်းကိုဘယ်သူကပေးတာလဲ"

သူမ ပြန်မဖြေဘဲ နိုင်းကိုပဲကြည့်နေလိုက်သည့်အခါ နိုင်းက သိချင်ပြင်းပြနေသောမျက်လုံးလေးတွေဖြင့် မော့ကြည့်လာပြန်သည်။
မဖြေပေမယ့် ဘယ်သူလဲဆိုတာ နိုင်းက ကြိုသိနေပုံရှိသလို ထိုနာမည်ကြားရဖို့ကိုလည်း မျှော်လင့်ထားဟန်ရှိသည်။

EvermoreWhere stories live. Discover now