15

6.8K 260 10
                                    

💘 Part - 15💘
-------------

"ပုန်းနေတယ်"

နိုင်း ပုန်းနေသည်ဆိုသော ထူးဆန်းသည့်စကားကြောင့် တအံ့တဩဖြစ်သွားရင်း ဆိုင်ကယ်သော့ကိုပြန်ပိတ်ကာ ကောင်လေးကိုသေချာကြည့်မိသည်။
ဒီရေဆိုတာကို ခဏခဏကြားဖူးခဲ့ပေမယ့် အခုမှမြင်ဖူးကာ ယုန်တစ်ကောင်လို ချစ်စဖွယ် နူးညံ့သောကောင်လေးတစ်ယောက်ပဲ...

"ကျွန်တော့်ဆီလည်း မလာတာ ၂ရက်ရှိပြီ ညီလေး သူကဖုန်းလည်းမကိုင်ဘူးလား"

"မကိုင်ဘူး အစ်ကို"

မျက်နှာလေးညှိုးငယ်နေသော ဒီရေ့ကိုစူးစိုက်ကြည့်နေမိရင်း သူမဘာဖြစ်နေတာလဲဆိုသည့် စိုးရိမ်စိတ်လေးဖြစ်သွားမိသည်။
ဒီရေ့ဘေးနားက ခန့်ခန့်ညားညားလူကတော့ ဒီရေ့ကို ပခုံးဖက်ထားရင်း ဖုန်းကိုဆက်တိုက်ခေါ်နေခဲ့ကာ စိတ်ပူနေဟန်ကအထင်းသား...
ကိုယ့်ထက်တောင် အသက်ကြီးပုံရသော ဒီလူကတော့ ဒီရေ့ရဲ့အတွဲဖြစ်ပုံရသည်။

"နှစ်ရက်ရှိပြီ ခါတိုင်း မမ အဲ့လောက်ထိ မပုန်းဖူးဘူး"

"ကလေးကလည်းကွာ ကိုယ်လူတွေဖြန့်ပြီး တစ်မြို့လုံးကိုလိုက်ရှာခိုင်းထားတယ် တွေ့မှာပါ"

တရှိုက်ရှိုက်ငိုနေသည့် ဒီရေ့ကိုချော့ရင်း မကိုင်သည့်ဖုန်းကိုလည်း အကြိမ်ကြိမ်ခေါ်နေသောထိုလူက ဒီရေ့ကိုမျက်ရည်လှမ်းသုတ်ပေး၏။
ထိုအတွဲကိုကြည့်ပြီး မကြည်နူးအားပါဘဲ သက်ပြင်းတစ်ခုသာ ချမိပြီး ဒီပြဿနာရဲ့တရားခံဟာ ကိုယ်ဆိုတာ အလိုလိုသိနေခဲ့သည်။
သူနဲ့စကားများပြီး ရုတ်တရက်ကြီးထပြန်သွားသည်မလား...

"အပေါ်ထပ်အောက်ထပ်နေတာဆို သူ့အခန်းရော သွားကြည့်ပြီးပြီလား"

"သွားတော့သွားတယ် ဒါပေမယ့်lockချထားတာ မမက Dဝင်လာရင် တစ်ယောက်တည်း တစ်နေရာရာသွားပြီး ပုန်းနေကျ.. သူ့အခန်းကိုတော့ပြန်မယ်မထင်ဘူး"

နိုင်းဟာ လမ်းများတတ်ပေမယ့် Dဝင်သည့်အချိန်တွေဆို သူမအခန်းမှာ ရှိလောက်သည်ဆိုသည့်အတွေးဖြင့် ဆေးခန်းကိုဖုန်းဆက်ပြီးခွင့်ယူကာ နိုင်းရဲ့တိုက်ခန်းကို ဒီရေတို့နှင့်အတူထွက်လာခဲ့သည်။
မြို့လယ်Asaheကွန်ဒိုက လှလည်းလှသလို ခမ်းခမ်းနားနားလည်းရှိကာ ဒီနေရာမှာ သူမ နေသည်ဆိုသည့်စိတ်ဖြင့် ရင်ထဲနွေးသွားသည်။
သူမရဲ့ပြည့်စုံမှုဟာ ကိုယ်ထင်ထားတာထက်တောင် ပိုပြီးမြင့်မားနေ၍ ပိုကြိုးစားရမည်ဆိုသောအတွေးက ဆက်တိုက်...

EvermoreWhere stories live. Discover now