25

7.5K 267 10
                                    

💘 Part - 25 💘
-------------

ရင်ခွင်ထဲခေါင်းလေးတိုးကာ အပူအပင်ကင်းကင်းအိပ်မောကျနေသော မျက်နှာနုနုလေးကိုကြည့်ကာ ပါးလေးကို ဖွဖွလေးပွတ်သပ်နေမိသည်။
ကိုယ့်မှာစီစဥ်ထားတာတွေရှိနေပေမယ့် သူမ ဘယ်လိုလုပ်ချင်သလဲဆိုသည့် နိုင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးချင်စိတ်က တနင့်တပိုး။

"ဒီလောက်ထူးချွန်နေရင် UKကိုပညာသင်လွှတ်ပေးချင်တယ် ဒေါက်တာသံလွင်မင်းခ"

မနေ့က ဆီးချိုရောဂါသည်အပေါ် ကုသခဲ့သည့်သူ့အဖြစ်ကို ရုံးခန်းခေါ်တွေ့ခဲ့ပြီး ပြောလာသည့်စကားက ပညာသင်သွားဖို့။
ဒီအဖြစ်ကို လွန်ခဲ့သောနှစ်တွေကတည်းက မျှော်လင့်ထားခဲ့ပေမယ့် လက်တွေ့မှာတော့ ချက်ချင်းခေါင်းမညိတ်နိုင်။
ကိုယ်သွားခဲ့ရင် နိုင်းဘယ်လိုကျန်ခဲ့မလဲ…

"အွန်း.."

ညည်းသံသဲ့သဲ့လေးဖြင့် ရင်ခွင်ထဲက သူမလေးလှုပ်လာတော့ ငုံ့ကြည့်မိကာ စောင်ကိုပခုံးပေါ်အထိဆွဲခြုံပေးလိုက်သည်။
နိုင်းမျက်နှာလေးမဲ့ကျသွားကာ စောင်ကို ခါးပေါ်အထိရောက်အောင် ပြန်ဆွဲခွာပစ်လိုက်ပြီး မျက်လုံးမဖွင့်သေးဘဲ ရန်တွေ့လာတော့၏။

"ပူလို့ပါဆို"

"ပူရင်ခဏတော့ထားလိုက်.. ဝတ်ထားတာက ပါးပါးလေးရယ် မင်းအအေးမိလိမ့်မယ် Airconကဖွင့်ထားတာ"

"အအေးမိရင်ဆေးကုပေးလေ ဆရာဝန်ကြီးကလည်း.. နိုင်းကိုဖက်ထားပါဦး"

သူ့လက်ကိုအတင်းဆွဲယူကာ သူမခါးပေါ်တင်ပေးတော့ သူမတစ်ကိုယ်လုံးကပ်နေအောင် ဆွဲယူပြီး မျက်နှာလေးတစ်ခုလုံးကို နမ်းပစ်လိုက်သည်။
တဟီးဟီးဖြင့် ညစ်ကျယ်ကျယ်ရယ်သံလေးထွက်လာကာ နိုင်းက မျက်နှာလေးမော့လာပြီး သူ့မေးဖျားကို ထိရုံကလေးနမ်း၏။

"ကို ဘာတွေစဥ်းစားနေတာလဲ"

"ဆေးရုံက UKကို ပညာသင်လွှတ်ချင်တဲ့အကြောင်း ပြောလာလို့"

"တကယ်လား"

"သွားရမလား မသွားရမလား စဥ်းစားနေတာ"

"သွားရမှာပေါ့ ကိုကလည်း.. အဲ့ဒီအခွင့်အရေးက ဆရာဝန်တိုင်းရတာမှမဟုတ်တာ"

EvermoreWhere stories live. Discover now