💘 Season II Part - 26 💘
--------------------"Congratulationပါ ဆရာ"
သူ့ကိုနှုတ်ဆက်လာကြသည့် လူတွေက ဒီနိုင်းကိုမကြည့်သူမရှိဘဲ သူမ လှကြောင်း တခုတ်တရချီးမွှမ်းသွားသူတွေတောင် ရှိသည်။
တကယ်လည်း နိုင်းက အဖြူရောင်ပိုးသားပေါ်မှာ ဆင်စွယ်ရောင် ဇာပါးလေးအုပ်ထားသော သတို့သမီးဂါဝန်လေးဖြင့် ကြွကြွရွရွလေးလှနေသည်။
ခေါင်းဆောင်းပဝါလေးဖြုတ်ထားပြီးပြီမို့ နိုင်းမျက်နှာလေးကို အကာအကွယ်မရှိမြင်နေရကာ ဦးခေါင်းထက်မှာ သရဖူအသေးလေးဖြင့် ဘုရင်မတစ်ပါးအလား…"ဆရာ့သတို့သမီးလေးက လှလိုက်တာ"
"ဟုတ်ကဲ့ ကျေးဇူးပါ"
"တို့ဆရာလူပျိုကြီးက မထင်ရဘူးကြည့်.. အချောအလှလေးကိုမှ ရွေးယူထားတာ"
"ရွေးယူထားတာမဟုတ်ပါဘူး နဂိုကတည်းက သူတစ်ယောက်ပဲရှိတာပါ"
သူ့ဘက်ကဖြေရှင်းချက်ပေးတိုင်း နိုင်းက ရှက်ကိုးရှက်ကန်းဖြင့် သူ့လက်မောင်းကို ဆွဲဆိတ်တတ်သည်။
ဧည့်သည်တွေကို ဧည့်ခံရင်းမောလာတိုင်း သူ့ဘေးကိုငဲ့ကြည့်ရုံဖြင့် အမောပြေရတာမို့ ဒီမျက်နှာလေးကို တစိမ့်စိမ့်ကြည့်လို့မဝနိုင်။"ကို ဘာလို့ နိုင်းကိုကြည့်ကြည့်နေတာလဲ နှုတ်ခမ်းနီတွေပျက်ကုန်လို့လား"
"မပျက်ပါဘူး မင်းလှနေလို့ပါ"
နိုင်းပါးလေးကို ယုယုယယဆွဲဖဲ့ရင်း ပြောမိသည့်အချိန် presenterဆီမှ ကြေညာသံကြားလိုက်ရသည်။
"ဒီနေ့ညအတွက် Partyကတော့ ဒေါက်တာသံလွင်မင်းခနဲ့ ဒီနိုင်းတို့ဇနီးမောင်နှံရဲ့ wedding partyဖြစ်ပါတယ် ဇနီးမောင်နှံနှစ်ယောက်ကို ကဖို့ဖိတ်ခေါ်ပါတယ်"
သူ ခေါင်းနားပန်းကြီးသွားရကာ နိုင်းကိုပြန်ကြည့်ရင်းခေါင်းခါပြလိုက်တော့ နိုင်းကနှုတ်ခမ်းလေးကိုက်ကာ ခေါင်းခါပြသည်။
UKတုန်းကတော့ ပွဲတက်ဖူးတာတွေရှိပေမယ့် ကျွမ်းကျွမ်းကျင်ကျင်မကတတ်ဘဲ ယဥ်ကျေးမှူအရ ကရတာမျိုးသာရှိသောကြောင့်…"လာပါ ကိုရဲ့"
လူတွေကြားသို့ ရောက်လာသည့်အခါ နိုင်းက သူ့ရင်ခွင်ထဲတိုးလာပြီး လက်ကလေးတစ်ဖက်ကိုထောင်ပြသောကြောင့် ထိုလက်ကလေးကို ပြန်ဆုပ်ကိုင်လိုက်သည်။
သူမရဲ့ကျန်လက်တစ်ဖက်က ပခုံးပေါ်ရောက်လာသည့်အခါ နိုင်းခါးလေးကိုဖက်ထားလိုက်၍ လူချင်းပိုနီးကပ်သွား၏။
Weddingအများစုမှာဖွင့်နေကျအတိုင်း Beautiful in Whiteသံစဥ်လေးထွက်လာတော့ ရင်ထဲနွမ်းဖတ်သွားသလို မော့မော့လေးဖြစ်နေသော သူမမျက်နှာလေးကို အမြတ်တနိုးကြည့်မိသည်။
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...