18

7.9K 273 11
                                    

💘 Part - 18 💘
-------------

"အခုဘယ်လိုဖြစ်နေလို့လဲ"

Psychologistရဲ့အမေးစကားကြောင့် စားပွဲပေါ်ကပန်းအိုးလေးကို စိုက်ကြည့်နေရာမှ အကြည့်လွှဲလိုက်မိသည်။
သူ့ရှေ့က Psychologistကတော့ ဖိုင်လေးတစ်ထပ်နှင့် ဘောပင်န်ကိုလည်းကိုင်ထားရင်း သူ့ကိုအကဲခတ်သလို ခပ်စူးစူးကြည့်နေ၏။
ဒီရက်တွေထဲမှာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိသော စိတ်ခံစားချက်တချို့ကြောင့် ဒီဆေးခန်းကိုရောက်လာရခြင်းဖြစ်ကာ…

"ကျွန်တော်က ဂေးပါ"

"အဲ့ဒါက မင်းအတွက် ပြဿနာရှိလို့လား"

"မရှိပါဘူး အခုခေတ်က ကျွန်တော်တို့လိုလူတွေအတွက် ပွင့်လင်းမြင်သာမှုရှိလာပြီပဲ"

"ဒီလိုဆို ဘယ်လိုခံစားနေရလို့လဲ"

"ကျွန်တော် ငယ်ငယ်လေးကတည်းက ယောကျာ်းလေးတွေနဲ့ပဲပေါင်းတယ် ယောကျာ်းတစ်ယောက်ကိုပဲ တစိမ့်စိမ့်ကြည့်ချင်တယ် ရင်ခုန်တယ် ထိတွေ့ချင်တယ် အဲ့ဒါကြောင့် ယောကျာ်းလေးတွေနဲ့ပဲတွဲတယ်
တစ်ယောက်ပြီးတစ်ယောက် တစ်ယောက်ပြီးတစ်ယောက်..."

သူ စကားကိုရပ်ပစ်လိုက်သည့်အခါ psychologistက ဘောပင်န်နှင့်ရေးမှတ်နေရင်း မျက်နှာပြန်မော့လာကာ…

"အဲ့ဒါ ပုံမှန်လက္ခဏာရပ်တွေပါပဲ"

"ဒါပေမယ့် ဒီရက်တွေထဲပုံမှန်မဟုတ်တော့ဘူး မိန်းကလေးတစ်ယောက်.. သိပ်လှတဲ့မိန်းကလေးတစ်ယောက်
သူ့ကိုထိကိုင်မိတိုင်း ကျွန်တော့်စိတ်ထဲ တမျိုးကြီးဖြစ်ဖြစ်နေတယ်"

"ဘယ်လိုမျိုးလဲ"

"စိတ်ထဲမသိုးမသန့်ဖြစ်လာတာ တစ်ခါတစ်လေတုန်လှုပ်နေမိတယ် သူ့လက်ကလေးတွေ၊ သူ့ပခုံးလေးတွေက ကျွန်တော်ထိဖူးကိုင်ဖူးတဲ့အရာတွေလိုမဟုတ်ဘူး သိပ်နူးညံ့လွန်းတယ် အရင်တုန်းကတော့ မိန်းကလေးတစ်ယောက်ရဲ့ဖွဲ့စည်းပုံက သေးသေးလေးပဲ နုနုဖတ်ဖတ်လေးပဲဆိုတဲ့စိတ်ပဲရှိခဲ့ဖူးတာ
ဒါပေမယ့် အခု သူ့ကိုထိတွေ့ခဲ့တဲ့ ဒီလက်ဖဝါးကို ခဏခဏဖြန့်ကြည့်မိတယ်"

"ထပ်ပြီးထိကိုင်ချင်စိတ်ရော ဖြစ်လာသလား"

"အဲ့လိုလည်းမဖြစ်ဘူး ဒီလိုထူးဆန်းတဲ့ခံစားချက်တွေဝင်လာတော့ မထိရဲတာလည်းပါတယ်"

EvermoreWhere stories live. Discover now