6

8.3K 273 11
                                    

💘 Part - 6 💘
-------------

"Churchကျောင်းမှာ ကတိသစ္စာပြုဖို့ အဆင်ပြေပါ့မလား ကိုကြီး"

"ဘာဖြစ်လို့လဲ ကလေး"

ကိုကြီးက ဘာမှမထူးဆန်းသလို မှန်ရှေ့မှာ necktieချည်နေရင်းပြန်မေးလာသည့်အခါ ဒီရေ နှုတ်ဆိတ်သွားမိသည်။
ကတိသစ္စာပြုတယ်ဆိုတာ တစ်သက်တာလုံး အတူတူလက်တွဲသွားမည့်အကြောင်း ခရစ်တော်ရှေ့မှောက်မှာ ကတိပေးခြင်းပဲမလား..
ဒီနိုင်းဟာ အားလုံးအတွက် အနစ်နာခံခဲ့ခြင်းဖြစ်ပေမယ့် တကယ်တမ်းလက်ထပ်ပွဲရောက်လာသည့်အခါမှာ ဒီရေ မပျော်နိုင်။
ဘာကြောင့် ဒီလိုတွေခံစားနေရတာလဲ..

"ကလေး ကိုယ့်ကို သဝန်တိုနေတာလား"

"မဟုတ်ပါဘူး ကျွန်တော်ဝမ်းနည်းနေမိတာကတော့ အမှန်ပဲ ဒီနေ့ကိုကျော်လွန်သွားရင် ဒီနိုင်းက ကိုကြီးရဲ့တရားဝင်ဇနီးဖြစ်သွားပြီ ကျွန်တော့်မှာ ဘာလို့အဲ့လိုအခွင့်အရေးမရှိတာလဲ"

"ကိုယ်တို့ဖြစ်တည်ခြင်းကို မင်းဝမ်းနည်းနေတယ်လို့ထင်တယ် ဒါပေမယ့် ဒီလိုလုပ်မှပဲဖြစ်မှာလေ ကလေး သဘောပေါက်တယ်မလား"

ခေါင်းညိတ်ပြလိုက်ပေမယ့် ရင်ထဲကပါလှသည်တော့မဟုတ်။
ကိုကြီးရဲ့ပိုင်ဆိုင်မှုတွေဟာ ဘယ်လောက်ရှိနေသလဲမသိပေမယ့် ကိုကြီးကတော့ လက်လွှတ်မခံနိုင်တာမို့ ဒီအစီအစဥ်ကိုလုပ်ခဲ့သည်။
သူကိုယ်တိုင်လည်း သဘောတူခဲ့၍ ဒီနိုင်းကိုတောင် ကိုယ်တိုင်စည်းရုံးခဲ့ပြီးမှ..

"ကိုယ့်အတွက် ပြုံးထားစမ်းပါ ကလေးရယ် ဒီခြေလှမ်းက ကိုယ်မင်းနဲ့နေရဖို့ အနီးစပ်ဆုံးခြေလှမ်းပါ"

ကိုကြီးက ပခုံးတွေကိုတင်းတင်းဆုပ်ရင်း တောင်းဆိုလာသည့်အခါ သူ အားတင်းပြီးပြုံးပြကာ ခေါင်းကိုပါညိတ်ပြလိုက်သည်။
St.Mary's Cathedral, Churchသည် တနင်္ဂနွေနေ့တိုင်းလာနေကျ Paradiseတစ်ခုဖြစ်ပေမယ့် ဒီနေ့မှာတော့ မီးပြင်းတိုက်ခံထားရသလို ပူလောင်နေ၏။
အနီရောင်အုတ်ခဲတွေဖြင့် စီစီရီရီတည်ဆောက်ထားသော ဘုရားကျောင်းနံရံတွေသည်လည်း အရင်လိုမလှပတော့ပြီ။

ဂျိန်းခနဲ ဘုရားကျောင်းတံခါးပွင့်သွားသောအခါ ပါပါးက ဒီနိုင်းရဲ့လက်ကို ကိုင်ထားပြီး ကော်ဇောနီလျှောက်လမ်းထိပ်မှာနေရာယူတော့ ဧည့်ပရိသတ်က ထရပ်လိုက်ကြသည်။
ဒီီနိုင်းကို ငေးနေမလားဆိုသည့် မယုံမရဲစိတ်ဖြင့် ကိုကြီးကိုတစ်ချက်ကြည့်တော့ သတို့သားတစ်ယောက်ရဲ့ဟန်ပန်ဖြင့် ကိုကြီးက ပါပါးတို့ဆီ လှမ်းကြည့်နေ၏။

EvermoreWhere stories live. Discover now