13

6.9K 262 22
                                    

💘 Part - 13 💘
-------------

"အဲ့ဒါကျွန်တော်နဲ့ဘာဆိုင်လို့လဲ"

ရှက်လည်းရှက်သွားမိသလို နိုင်းရှေ့မှာမှအပြောခံလိုက်ရ၍ သူမအထင်လွဲသွားမှာကိုလည်း သေမလောက်ကြောက်ရွံ့သွားမိသည်။
ထို့ကြောင့် တစ်ခါမှပြန်ခံမပြောဖူးသော အန်တီဝါ့ကိုစေ့စေ့ကြည့်ရင်း အေးစက်စက်မေးလိုက်တော့ အန်တီဝါက ဟန်နီ့ကိုတစ်ချက်လှမ်းကြည့်သည်။

"ငါ့သမီးက မင်းနဲ့ဖြစ်တာလို့ပြောတယ် ဘယ်မိန်းကလေးကများ တကယ်ဖြစ်ခဲ့တာမဟုတ်ဘဲ အဲ့လိုပြောမှာလဲ"

"ဘယ်သူ ဘယ်လိုပြောပြော ကျွန်တော်စိတ်မဝင်စားဘူး သေချာတာက ကျွန်တော်မဟုတ်ဘူး ဟန်နီ နင်လာခဲ့"

"ဟန်နီမင်းသွင် လာစမ်းဒီကို"

လေးလေးကလည်း သူ့ကိုယုံကြည်နေဟန်ရှိကာ ဟန်နီ့ကိုလှမ်းခေါ်ပေမယ့် ဟန်နီက အခန်းရှေ့ကနေ ခြေလှမ်းတွေရွေ့မလာဘဲ ပေကပ်ရပ်နေဆဲ။
ဒေါသကထိန်းမရအောင်ဖြစ်လာရ၍ ဟန်နီ့ဆီသွားဖို့ပြင်တော့ သူ့ထက် အရင်ရောက်သွားသူက နိုင်းဖြစ်သည်။

နိုင်းက ဟန်နီ့ဆံပင်တွေကို ဆောင့်ဆွဲပစ်လိုက်၍ အားလုံးအံ့အားသင့်သွားကြကာ ဟန်နီကငယ်သံပါအောင် အော်ပြီး အတင်းပြန်ရုန်းတော့၏။
ခေတ္တတော့ကြောင်သွားပေမယ့် နိုင်းကိုခါးကနေပွေ့ချီပြီးဆွဲထုတ်ရကာ နိုင်းကတော့ ဟန်နီ့ဆံပင်တွေ မြဲမြံစွာဆုပ်ကိုင်ထားသည်။။
ထို့ကြောင့် သူဆွဲခေါ်ရာဆီ ဟန်နီပါ ပါလာ၍ နိုင်းလက်တွေကိုဖြေယူဖို့ကြိုးစားနေချိန် နိုင်းအသံကစူးခနဲ…

"နင်ဝန်ခံမှာလား ငါပြောရမှာလား"

"အား!! လွှတ် အမေရေ"

"နိုင်း အဲ့လိုမလုပ်ရဘူး"

"သံလွင်မသိဘဲမပြောနဲ့ သူ ဗိုက်ကြီးနေတယ်ဆိုရင် Barမှာတွေ့ခဲ့တဲ့ကောင်နဲ့ပဲ သံလွင်တော့မဖြစ်နိုင်ဘူး"

"အမလေး ငါ့သမီးကိုများ ညည်းက"

အန်တီဝါကလည်း စူးခနဲကုန်းအော်လိုက်၍ နိုင်းကပိုပြီးဒေါသဖြစ်သွားစဥ် လေးလေးပါ ဝင်ပါလာကာ ဆံပင်တွေဆုပ်ထားသည့် နိုင်းလက်တွေကို အတော်လေးဖြေယူရ၏။
အန်တီဝါ့အသံကြောင့် အိမ်နီးချင်းတွေလည်းရောက်လာကြ၍ ဤပြဿနာဟာ မလိုအပ်ပါဘဲ ပိုပြီးကျယ်ပြန့်သွားသည်။

EvermoreWhere stories live. Discover now