S-2 (11)

7.7K 342 20
                                    

💘 Season II Part - 11 💘

--------------------

ဒီနေ့လည်း ကြွေဆိုသည့်ဆရာဝန်မသာရှိပြီး သံလွင်မင်းခဆိုသော ဆရာဝန်ချောက ပေါ်မလာခဲ့။
သူဟာ နိုင်းနဲ့အတော်လေးရင်းနှီးခဲ့သလို ခံစားဖူးတာမို့ ဒီအမျိုးသမီးထက် သူ့ကိုပိုပြီးမျှော်မိသည်။

"ဘယ်လိုနေသေးလဲ ဆရာမ"

"နှလုံးခုန်နှုန်းကတော့ နှေးသေးတယ် ဒါကအိပ်ဆေးရဲ့side effectကြောင့်ထင်တယ် တခြားဘာမှ ပြင်းပြင်းထန်ထန်မရှိတော့ပါဘူး"

"အဆစ်တွေရောင်နေတာကရော"

"တော်တော်လေးကျသွားပါပြီ နောက်လလောက်ဆို လမ်းပြန်လျှောက်နိုင်မှာပါ အခုတောင် ထသွားထလာလုပ်လို့ရနေပြီ"

နိုင်းကတော့ ထိုသတင်းစကားတွေထက် သံလွင့်ကိုပဲမျှော်နေမိကာ ဒေါက်တာကြွေ ခဏပြန်သွားသည်နှင့် ဒီရေ့အနားကပ်လာခဲ့သည်။
ဒီရေက ခြံစောင့်ကြီးနှင့်အန်တီကြီးကို ဘာတွေပြောနေသလဲမသိဘဲ ထိုနေရာသို့နိုင်းရောက်သွားတော့ ပစ္စည်းတွေ သိမ်းခိုင်းနေခြင်းဖြစ်သည်။

"ဒီနေ့သူ့ပစ္စည်းတွေ အပြီးသိမ်းထားလိုက်ပါ"

"ဘာလို့လဲ"

မနေနိုင်တော့ဘဲ နိုင်းဝင်မေးလိုက်သည့်အခါ ဒီရေကလှည့်ကြည့်လာပြီး စိတ်ရှုပ်ထွေးနေသလိုမျက်နှာက အနည်းငယ်ပြေပြစ်သွား၏။
ပြီးမှ နိုင်းဘက်ပြန်လျှောက်လာကာ ဝှီးချဲလက်ကိုင်ကိုဆုပ်ကိုင်ရင်း မုဆိုးဒူးထောက်ထိုင်ချလိုက်သည်။

"ငါ နောက်ဆို ဒီကိုလာဖို့မလွယ်တော့ဘူး အဲ့ဒါကြောင့် အိမ်ပြောင်းရမယ် လောလောဆယ် ပါပါးတို့ဆီမှာနေရအောင် ပြီးမှ.."

"မသွားချင်ဘူး"

ပါပါးဆိုသည်နှင့် နိုင်းသွားချင်စိတ်မရှိတော့သည့်အပြင် စိတ်ထဲမှာခါးသလိုဖြစ်လာ၍ ချက်ချင်းငြင်းပစ်လိုက်တော့ ဒီရေ မျက်နှာပျက်သွား၏။
သို့သော် ချက်ချင်းပြန်ပြုံးလာကာ ခေါင်းကိုအသာအယာခါပြရင်း…

"မရဘူးလေ ငါက မလေးကျွန်းဆွယ်မှာ အနေများတယ် တစ်ခါတစ်လေ အနောက်နိုင်ငံတွေသွားရတယ် ငါသွားလေရာ နင့်ကိုခေါ်သွားလို့မရဘူးလေ ဒီမှာထားခဲ့ဖို့ဆိုတာလည်း"

EvermoreWhere stories live. Discover now