21

9.2K 340 22
                                    

💘 Part - 21 💘
-------------

"မတွေ့သေးဘူးလား အခုထိ"

၃ရက်ကျော်သည်အထိ ရှာမတွေ့သည့်အခါ ဒေါသဖြစ်လာမိပြီး မျက်စိရှေ့ကလူယုံတွေကို ဒေါသတကြီးအော်ငေါက်ပစ်လိုက်သည်။
ဒီနိုင်း ဘယ်မှာသွားပုန်းနေသလဲဆိုသည့်အတွေးဖြင့် တစ်မြို့လုံးကိုမြေလှန်ပစ်ချင်စိတ်က တဖွားဖွား။
ဒီလောက်ဆို ပြန်လာသင့်ပြီမဟုတ်ဘူးလား…

"မြို့သစ်ထဲက ဆရာဝန်ရဲ့အိမ်ကရော"

"လူမရှိပါဘူး အဲ့ဒီဆရာဝန်က မနက်ဆိုထွက်သွား ညမှပြန်လာတာပါ အိမ်တံခါးက အမြဲပိတ်ထားပါတယ်"

"ဘေးကို မေးမကြည့်ဘူးလား"

"မေးကြည့်ပါတယ် ဒါပေမယ့် သူတို့က အဲ့ဒီဆရာဝန်နဲ့ သိပ်မရင်းနှီးကြဘူး ဟော့ဟော့ရမ်းရမ်းမရှိဘဲ လူရည်မွန်.."

"အဲ့ဒီကောင် ကောင်းကြောင်းတွေမေးနေတာမဟုတ်ဘူး"

ဒေါသဖြစ်ဖြစ်နှင့် ပိတ်အော်ချပစ်လိုက်ပြီးမှ စိတ်ကိုပြန်ထိန်းကာ ဒီနိုင်းဟာ သေချာပေါက် ထိုကောင့်ဆီမှာရှိမှာ အသေအချာ။
ထိုဆရာဝန်ကောင်ဟာလည်း ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ပြန်မလွှတ်ဘဲ နေနေတာလဲ…

"ညဘက်ဆို ဘယ်အချိန်အိမ်ပြန်လဲ"

"၇နာရီလောက်ဆို ပြန်ပါတယ်"

"အဲ့ဒီအချိန်ရှိတဲ့အလုပ်တွေ ဖျက်ထားလိုက် ငါကိုယ်တိုင် အဲ့ကောင်နောက်လိုက်မယ်"

💘💘💘💘💘💘

ဆိုင်ကယ်ရပ်သံကြားလိုက်ကတည်းက နိုင်း TVရီမုကိုပစ်ချထားခဲ့ကာ အိမ်ရှေ့ကိုပြေးထွက်ခဲ့ပြီး တံခါးကိုဖွင့်ရင်းကြိုနေလိုက်သည်။
သူက ဆိုင်ကယ်ကိုခြံထဲရပ်ကာ ခြံတံခါးသွားပိတ်နေ၍ ခြံထဲအထိဆင်းပြေးလာခဲ့ပြီး သံလွင့်ခါးကို တအားဖက်ပစ်လိုက်၏။

"ရေခဲမုန့်ပါတယ်"

"ဘာလဲ ဒီအတိုင်းဖက်ချင်လို့ ဖက်တဲ့ဟာကို"

"ရေခဲမုန့်တွေ အရည်ပျော်သွားမှာစိုးလို့ပါ အဟွန်း.. မလုံမလဲတွေဖြစ်နေတာ"

နိုင်း မျက်စောင်းလေးချီမိတော့ အိမ်ရှေ့ရပ်လာသည့်ကားနှစ်စီးကြောင့် အကြည့်တွေ ထိုသို့ရောက်သွားသည်။
တစ်စီးက နိုင်းရဲ့Mercedesမို့ ဘယ်သူလဲဟု တန်းသိလိုက်ကာ သံလွင့်လက်မောင်းကိုဖက်ထားလိုက်ပြီး သူ့ကျောဘက်မှာမသိမသာခိုကပ်နေလိုက်၏။

EvermoreWhere stories live. Discover now