S-2 (15)

6.9K 405 30
                                    

💘 Season II Part - 15 💘
--------------------

"တော်တော့ နင်ဆက်မပြောနဲ့တော့ နွေ.. ငါဘာလုပ်ရမလဲငါသိတယ်"

"နင် သူ့ကိုဆက်ကာကွယ်မနေနဲ့ ဒီရေ အခု Williamက ပါပါးဆီကရှယ်ယာတွေ ပြန်နှုတ်သွားပြီ အခြေပျက်မသွားဘူးဆိုပေမယ့် နည်းနည်းတော့ယိုင်နဲ့သွားတယ် နင်ဒီလိုလုပ်မယ်ဆိုလည်း ပါပါးကို အရင်အသိပေးသင့်တယ်မလား ပါပါးကနင်တို့အဖေ"

"အသိပေးရင် မကွာရှင်းဖို့ပဲနားချနေကြမှာလေ ဘိုးတော်ဘုရားလက်ထပ်က စကားတွေပြောကြဦးမှာ.. အိမ်ထောင်မှုတစ်ခုဆိုတာ မပျက်စီးကောင်းဘူး သေတပန်သက်တဆုံးဆိုတာတွေ ရိုးမြေကျတာတွေ ပြောကြဦးမယ်မဟုတ်လား နိုင်း ဘာဖြစ်နေလဲ အဆင်ပြေရဲ့လား နင်တို့စိတ်မဝင်စားကြဘူး နိုင်းသေမှ နင်တို့ကနောင်တရကြမှာ"

"နောင်တကဘာလို့ရရမှာလဲ သူက ငါတို့နဲ့ဘာမှမတော်ဘူး ဒီရေ ငါကမှနင့်အစ်မအရင်း"

"မေ့ထားတာတောင်ကြာနေပြီ"

စိတ်ရှိလက်ရှိအော်ငေါက်ပစ်နေရင်း ဒေါသထွက်လာသည့်အလျောက် အနီးနားရှိစားပွဲကြီးကို ဒုန်းခနဲကန်ပစ်လိုက်မိသည်။
ပါပါးကတော့ ဘယ်လိုနေသလဲမသိပေမယ့် ဒီနွေကတော့ အရင်အတိုင်း နိုင်းကိုဆို အမြင်မကြည်ဆဲ။

မနေ့ကမှ ကိုကြီးဘာကြောင့်ငြိမ်နေသလဲဟု တွေးနေရင်း အာမန်ဒါ့ကိုပြောခဲ့မိသေးသည်။
ရှယ်ယာနှုတ်ဖို့သိထားပေမယ့် လုပ်မယ့်လုပ်တော့လည်း ချက်ချင်းပဲမို့ ခဏတော့ဒုက္ခများသွားမည်ဖြစ်ကာ အာမန်ဒါ့ရဲ့အစီအစဥ်မှာ ရှယ်ယာအကြောင်းက တိုင်ပင်ပြီးသားဖြစ်သည်။
မိန်းကလေးဖြစ်နေ၍ Nelsonမိသားစုမှာ အရေးမပါပေမယ့် Amanda Nelsonကတော့ သိပ်ကိုလက်စောင်းထက်လွန်းသည့်မိန်းမဖြစ်ကာ ယခုဆို မိသားစုစီးပွားရေးအတော်များများက သူမလက်ထဲရောက်နေပြီဖြစ်သည်။

"ဒီရေ နင်စိတ်ကူးယဥ်တာတွေ တော်သင့်နေပြီ"

"ဘာကိုတော်ရမှာလဲ ငါလုပ်ခဲ့သမျှက နိုင်းအတွက်ပဲ တစ်သက်လုံး နိုင်းကိုပဲမှီခိုနေလို့မရဘူး အခုနင်ဘာလို့လာတာလဲ ငါတို့မလာလို့လား Williamက ရှယ်ယာနှုတ်သွားလို့လား"

EvermoreWhere stories live. Discover now