💘 Season II Part - 16 💘
--------------------"ဘယ်တွေသွားနေတာလဲ ငါခရီးထွက်ရမှာ နင်မသိဘူးလား"
"ဟင့်အင်း"
ဒီရေက စိုးရိမ်တကြီးမေးလာပေမယ့် နိုင်းကတော့ အေးစက်ထုံပေသည့်မျက်နှာဖြင့် ခေါင်းခါပြလိုက်သည်။
ဒီရေက ရှပ်အင်္ကျီအဖြူကို ဂျင်းဘောင်းဘီဖြင့်ဝတ်ထားပြီး ကြေးနီရောင်ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြီးသင်ထားကာ ဒါ ပါပါးဆီသွားမယ့်ဒီဇိုင်းပေါ့…"နင်က အရင်ကအတိုင်းပဲနော် ဘာမှမရှိတော့တာတောင် အခုထိမာန်မကျသေးဘူး"
နိုင်းကို ခေါင်းအစခြေအဆုံး လက်ပိုက်ကြည့်ရင်း အထင်သေးသလိုအကြည့်တွေက နွေ့မျက်နှာထက်မှာ အရိပ်ထင်နေ၏။
ဒီနွေဆိုသည့်နာမည်ကို ကြားလိုက်ရကတည်းက နိုင်း မုန်းတီးနေခဲ့တာဖြစ်ပြီး ဒီလိုစကားတွေပြောထွက်လာတော့ နိုင်းနဲ့ တစ်လမ်းစီဖြစ်နေမှာ အသေအချာ။
ထို့ကြောင့် ဘယ်နေရာက ပေါ်ထွက်လာမှန်းမသိသော အားအင်တွေဖြင့် နိုင်းမျက်နှာကိုမော့ချီလိုက်ကာ နွေ့ကိုမဲ့ပြုံး ပြုံးပြလိုက်သည်။"နင်ရော အရင်အတိုင်းပဲနော် အခုထက်ထိ ငါ့ကိုလိုက်မုန်းနေတုန်း"
"ဘယ်လိုဆိုဆို နင်က တစ်ခုလပ်တစ်ယောက်ပဲလေ ယောကျာ်းရဲ့အိမ်ကဆင်းလာရပြီး နင့်မှာဘာရှိသေးလို့လဲ"
"နွေ နင်တော်တော့"
"အဲ့ဒီကောင်မ ပါးစပ်ကိုပဲပိတ်ခိုင်းလိုက်.. ငါတို့အခုခက်ခဲကုန်တာ သူ့ကြောင့်ပဲ"
"နင်ကရော နင့်ဘဝကို နင့်ဘာသာရပ်တည်နိုင်စွမ်းမရှိဘူးလား ငါ့ကိုမှီပြီးရထားတဲ့စည်းစိမ်တွေကို နင်မက်မောနေတုန်းလား နင့်ဘာသာမရှာနိုင်ဘဲနဲ့လေ"
"ဘာ!"
"ငါဘာလုပ်ခဲ့တယ် ဘာအတွက်လုပ်ခဲ့တယ် ဘာဆက်လုပ်ရမယ် ငါသိတယ် အဲ့လိုပဲ ငါ့ကိုပဲမှီခိုမနေဘဲ နင်လည်း ကိုယ့်နေရာကိုသိစမ်းပါ"
"တောက်! အရိုင်းအစိုင်းမ"
နွေလက်ရွယ်လိုက်သည်နှင့် နိုင်းရှေ့မှာကာရပ်လိုက်သူက ဒီရေဖြစ်ကာ နွေ့လက်ကိုဖမ်းဆုပ်ပြီး နိုင်းကိုအိမ်ထဲဝင်ဖို့မေးဆတ်ပြ၏။
နိုင်းရင်ထဲ ဒေါသတွေထန်နေဆဲဖြစ်ကာ ဒီနွေ့ကိုရော၊ ဒီရေ့ကိုပါ ရိုက်ပစ်ချင်စိတ်ကြောင့် လက်ဖဝါးလေးကို ကျစ်နေအောင်ဆုပ်ထားလိုက်မိသည်။
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...