💘 Part - 9 💘
-------------"နိုင်ငံသားခံယူရမယ် ဟုတ်လား"
အာမန်ရဲ့စကားကြောင့် နိုင်းဟန်မဆောင်နိုင်အောင်ဖြစ်သွားပြီး ဒါလင့်ကိုတစ်ချက်လှမ်းကြည့်လိုက်မိသည်။
နိုင်းတို့စီစဥ်ခဲ့သည့်အချက်အလက်တွေထဲမှာ နိုင်းဟာ အီဂျစ်နိုင်ငံသားအဖြစ် ခံယူဖို့မပါခဲ့ဘဲ ကိုင်ရိုမှာနေဖို့အတွက်တောင် ကျောင်းသားဗီိဇာ၊ ကျောင်းသားမှတ်ပုံတင်ဖြင့်သာ.."ဟုတ်တယ်လေ ညီမလေးရဲ့ မင်းကငါ့အစ်ကိုရဲ့ဇနီးပဲ ငါ့အစ်ကိုက ကိုင်ရိုမှာပဲအခြေချနေတာ မင်းလည်းသိရဲ့သားနဲ့ နိုင်ငံသားခံယူရမှာပေါ့"
"ဒါပေမယ့် နိုင်းက"
"နိုင်း"
ဒါလင်ကဘာမှထပ်မပြောစေချင်သလို နိုင်းကိုလှမ်းဟန့်လိုက်ကာ ဒီရေကလည်း ဘာဆက်ဖြစ်မလဲဟု စောင့်ကြည့်နေသည်။
လက်ထပ်ပွဲပြီးကတည်းက မပြန်သေးသောအာမန်က မကြာခင်ပြန်တော့မှာမို့ ဤပြဿနာဟာ အစပျိုးလာခြင်းဖြစ်ပြီး အာမန်ဟာ ဘာကြောင့် ဒီလောက်ထိစေ့စပ်ရသလဲမသိ။
နိုင်းတို့ဟန်ဆောင်ထားတာကို ရိပ်မိနေလို့များလား…"ဒီကိစ္စကိုအေးအေးဆေးဆေးမှ ငါစီစဥ်မှာ အာမန် မင်း ငါတို့ကြားကိုသိပ်ဝင်မပါ,ပါနဲ့လား"
"Oh! ကျွန်မလည်းမပါချင်ပါဘူး ဒါပေမယ့် ဒီလက်ထပ်မှုကို အတုအယောင်လို့ ထင်နေတုန်းပဲ"
"အဓိပ္ပာယ်မရှိတာ"
"အမွေရဖို့ ဘာမဆိုကြံစည်နိုင်တာပဲလေ ကျွန်မက ရသင့်ရထိုက်မှပေးချင်တာ ကျွန်မကိုရော ဒယ်ဒီ့ကိုပါလှည့်စားပြီးယူလိုက်တာမျိုး မဖြစ်ချင်ဘူး"
နိုင်းစိတ်ရှုပ်လာမိ၍ မျက်မှောင်ကုပ်ပစ်လိုက်ကာ ဆံပင်တွေကိုဆွဲဖွရင်း ဒါလင့်ကို ဆက်မပြောဖို့ခေါင်းခါပြလိုက်သည်။
ထိုအခါ ဒါလင်ကနှုတ်ဆိတ်သွားသလို ဒီရေကလည်း နိုင်းအနားရောက်လာပြီး နိုင်းလက်တစ်ဖက်ကိုဆုပ်ကိုင်သည်။
အရင်လို ခပ်တင်းတင်းလေး ဖိဆုပ်ထားပေမယ့် ဒီလက်ဖဝါးက အနွေးဓာတ်သည် ရင်ဘတ်ထဲကိုစီးဝင်မလာတော့…"အဲ့လိုဆို နိုင်ငံသားခံယူပါ့မယ် တစ်ခုတော့ရှိတယ် ဒါလင်တို့ပြန်နှင့်ပါ နိုင်းက ဗီဇာကျမှပဲ ဒီရေနဲ့အတူလာခဲ့တော့မယ်"
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...