10

8K 265 11
                                    

💘 Part - 10 💘
-------------

"ဝေလ် အစ်ကို"

အပြင်ကအသံစူးစူးကြောင့် သူ ခေါင်းထောင်မိကာ အသံကိုနားစွင့်ကြည့်တော့ တံခါးခေါက်သံသဲ့သဲ့ကိုပါ ကြားလိုက်ရသည်။
ဘေးနားမှာအိပ်နေသော ဒီရေ့မျက်နှာလေးဆီ အကြည့်ရောက်သွားရာမှ နာရီကိုကြည့်မိသည့်အခါ တစ်နာရီထိုးခါနီးပြီမို့ ဒီနိုင်းပဲဟု ချက်ချင်းသိကာ တံခါးကိုသွားဖွင့်ပေးလိုက်သည်။

ထင်ထားသည့်အတိုင်း အာမန်က နိုင်းကိုကျောပိုးထားကာ ဘယ်လောက်ထိမူးကွဲနေလဲမသိဘဲ အာမန်ရဲ့ပခုံးပေါ်မှ လက်နှစ်ဖက်က တွဲလွဲကျနေ၏။
သူမက အာမန်ရဲ့ကျောပေါ်မှ တဟားဟားအော်ရယ်နေတာမို့ စိတ်ပျက်သွားပြီး ဆွဲပွေ့လိုက်သည့်အခါ ဒီရေလောက်တောင်မလေးသည့် ခန္ဓာကိုယ်ပိစိလေး..

"သူ တော်တော်သောက်နိုင်တာပဲ"

"အင်း ကျေးဇူးပဲ အာမန် မင်းသွားနားတော့လေ"

အာမန်က ခေါင်းညိတ်ပြီးတံခါးပိတ်သွား၍ တံခါးကိုlockချလိုက်ကာ နိုင်းကို သူမအခန်းထဲထည့်ပေးဖို့ခေါ်လာခဲ့သည်။
မူးရူးနေသော ထိုမိန်းကလေးက သူ့လက်ပေါ်မှာ ခြေထောက်တွေလှုပ်ခတ်ရင်း သီချင်းတစ်ပုဒ်ဆိုနေကာ မူးလည်းမူး၊ ကီးလည်းကြောင်နေ၍ အတော်စိတ်ညစ်စရာကောင်း၏။

"ဒါ..လင်"

"ပြော"

"နိုင်းကို သံလွင့်ဆီလိုက်ပို့ပေးပါလား ဒီရင်ဘတ်ကြီးထဲပူနေလို့ ခွဲစိပ်မှဖြစ်မယ်"

"ဘာဆိုင်လို့လဲ"

"ဆိုင်တာပေါ့ အား!! သံလွင့်ဆီဆေးကုရင် ပိုက်ဆံပေးစရာမလိုဘူးသိလား အနမ်းနဲ့ရှင်းတဲ့ အေ့!!"

ရင်ဘတ်ကိုတဘုတ်ဘုတ်ထုကာ အာလေးလျှာလေးဖြင့် အကျယ်ကြီးအော်နေသော ဒင်းအသံစူးစူးကြောင့် ဒီရေနိုးသွားမှာစိုး၍ ပါးစပ်ကိုဖိပိတ်ပေမယ့်မရ။
အခန်းထဲမှာပဲ အိပ်ခန်းနှစ်ခုပါကာ တစ်ခန်းမှာ သူနဲ့ဒီရေနေပြီး ဒီဘက်တစ်ခန်းကတော့ ဒီနိုင်းအတွက် သီးသန့်ဖြစ်သည်။
ယခု ထိုသီးသန့်အခန်းကိုရောက်သည်အထိ နိုင်းက အငြိမ်မနေဘဲ အော်ဟစ်နေကာ ခြေထောက်တွေကိုလည်း လှုပ်ခတ်နေဆဲ။

EvermoreWhere stories live. Discover now