💘 Season II Part - 1 💘
--------------------
🎶အလှလေးရယ် မိုးကောင်းကင်မှာငါတွေ့တယ်🎼
🎵မာယာတွေနဲ့ဖြာဆင်း အိမ်မက်များပေးခဲ့တယ်🎶
နားထဲမှာကြားနေရသော သီချင်းသံသည် သီချင်းနဲ့မတူတော့ဘဲ ကိုယ့်ကိုလှောင်ပြောင်ထားသည့် စာသားတချို့ဟုသာ ထင်မိသည်။
တကယ်ပဲ မာယာများပြီး အိမ်မက်တွေပေးခဲ့သော ဒီနိုင်းဆိုသည့် အလှတရားလေးကို မိုးကောင်းကင်မှာတွေ့ခဲ့ခြင်းမဟုတ်ပါ။
ဒဏ်ရာဗလပွဖြင့် ဆေးခန်းမှာတွေ့ခဲ့ခြင်းဖြစ်သည်။
🎵ငါထပ်ပြောမယ် မင်းမေတ္တာတွေမက်မောတယ်🎼
🎶ငါသည်အကြိမ်ကြိမ်ကျရှုံး ဒါသူကလှည့်မကြည့်ခဲ့🎶
ငါညင်သာစွာနှုတ်ဆိတ်🎶 သူ ထွင်းတဲ့ပြဇာတ်တွေထဲ🎶
လွမ်းတယ် ချာတိတ်...
ဘာကြောင့်ရယ်မသိဘဲ မင်းကိုမုန်းလို့မရဘူး။
အကြောင်းတစ်ခုခုရှိခဲ့လို့ ဒီပြဇာတ်ကို ထွင်းခဲ့တာလို့ ဖြေတွေးနေမိတုန်းပဲ
အဲ့ဒီအချိန်တွေတိုင်း မင်းကိုပြန်လိုချင်တယ်
ဒါပေမယ့် နိုင်းရယ်...
မင်း ရက်စက်တယ်
ရက်စက်တယ်ဆိုတဲ့စကားအပြင် ကိုယ့်နာကျင်မှုကိုဖော်ပြလို့ရတဲ့ တခြားစကားလုံးတစ်ခုခုရှိခဲ့ရင် မင်းကိုပြောချင်တယ် နိုင်း...
ကိုယ် ကတိပေးခဲ့တယ်
သံလွင်မြစ်ကြီး စီးဆင်းနေသ၍ မင်းကိုချစ်သွားပါ့မယ်လို့- လေ
ဒါ ကတိစကားသက်သက်မဟုတ်ဘူး နိုင်း..
ကိုယ့်ရဲ့နောက်ဆုံးထွက်သက်အထိ စိတ်ပါလက်ပါလက်ခံသွားမယ့် သစ္စာတရားပဲ
"ကျွန်တော် သံလွင်မင်းခသည် ဒီနိုင်းကိုအိမ်သူသက်ထားအဖြစ် လက်ထပ်ပေါင်းသင်းဖို့ အခုအချိန်ကစပြီး စောင့်ဆိုင်းနေပါမယ်
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...