Description

2.1K 171 12
                                    

[Unicode]

Description

တုကူးကျော့၏ ဘ၀သည် ကံတရား၏ကျီစယ်ခံရကာ စွမ်းရည်များလည်း ဖျက်ဆီးခံလိုက်ရသည်။ ဆွေမျိုးများကလည်း ကြင်နာသနားခြင်းမရှိဘဲ မိတ်ဆွေများက စွန့်ခွာသွားကြသည်။

သူ့အဖေအသတ်ခံလိုက်ရကာ သူ၏တစ်ဦးတည်းသောချစ်သူ ယဲ့ကျိုးကလည်း သွားနှင့်ပြီဖြစ်သည်။

ယဲ့ကျိုး၏ နောက်ဆုံးဝိဉာဉ်တစ်စကို ထိန်းသိမ်းပေးထားသော ဝိဉာဉ်ကျောက်စိမ်းကို ကိုင်ဆောင်ထားရင်း နောက်ဘ၀၌ အတူပြန်ဆုံနိုင်ရန်အလို့ငှာ ကမ္ဘာကြီး၏ထောင့်တိုင်းကို ခရီးထွက်ကာ ယဲ့ကျိုး၏ ကျန်ဝိဉာဉ်ကိုရှာဖွေသည်။

သည်လိုနှင့် သူ့သေတွင်းသူတူးကာ သေဆုံးခါနီးအချိန်မှာတော့ ပုံရိပ်ယောင်တစ်ခုထဲကျရောက်သွားကာ သားရဲကြီးများနှင့်တိုက်ခိုက်နေသော ယဲ့ကျိုးကိုတွေ့လိုက်ရသည်။

သားရဲများကူညီသတ်ဖြတ်ပြီးနောက် သူ့နားထဲတွင် ထူးဆန်းသောအသံတစ်သံကို ကြားလိုက်ရသည်။

[တင်... သင်ဟာသားရဲကြီးတစ်ကောင်ကိုသတ်လိုက်ပြီး အဆင့်နိမ့်ဝိဉာဉ်ကျောက်တုံးသုံးတုံးရရှိပါတယ်။]

[တင်... သင်ဟာသားရဲကြီးများကိုသတ်လိုက်ပြီး ဒီလျှို့ဝှက်သိုင်းကျမ်းကို ရရှိပါတယ်။]

[တင်... သင်ဟာသားရဲကြီးများကို သတ်လိုက်ပြီး အဖိုးတန်ကုသရေးဝိဉာဉ်မြက်ပင်တစ်ပင် ရရှိပါတယ်။]

[တင်... သင်ဟာ အဆင့်တက်သွားပါပြီ။ သင့်ရဲ့ စွမ်းရည်တွေကို ၁%ပြန်လည်သိုလှောင်ပြီးပါပြီ။]

ထို့နောက် သူ'ကယ်တင်လိုက်'သော ယဲ့ကျိုးက သူ့ဓားကိုမြှောက်ကာ စိတ်ဆိုးမာန်ဆိုး အော်ဟစ်လာသည်။

"ငါ့သားရဲတွေကို ခိုးယူဝံ့တယ်ပေါ့လေ"

တုကူးကျော့ : “?”

——

ယဲ့ကျိုးသည် '‌ကောင်းကင်ကိုးဘုံ' ဟူသည့် holographic online game တွင် တုကူးကျော့ဟု အမည်ရသည့် ထူးဆန်းသော ကစားသမားတစ်ဦးနှင့် ကြုံတွေ့ခဲ့ရသည်။

သူဟာအများနှင့်မတူဘဲ ဘယ်လိုကစားရမည်မသိ၊ အနားယူရန် ဘယ်လို offline မှလည်း မလုပ်ဘဲ မကြာခဏဆိုသလို သူ့ကိုနက်ရှိုင်းသောမျက်၀န်းများဖြင့် ကြည့်နေတတ်သည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Nơi câu chuyện tồn tại. Hãy khám phá bây giờ