အခန်း ၁၄။ ဓားကိုစွန့်လွှတ်ခြင်း
ဒီဘုန်းတော်ကြီးဟာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော ဆရာတော်ထန်ကျိမဟုတ်ပေ။ ပုံမှန်နှင့်မထူးခြားသော NPC သာဖြစ်သည်။
တုကူးကျော့သည် ဘုန်းတော်ကြီး၏ဘေး ဆုတောင်းဖျာပေါ်တွင် ခြေယှက်ထိုင်ကာ လက်ဖဝါးနှစ်ဘက်ကို ထိကပ်လျက် အတူဆုတောင်းကြပြီးနောက် မေးလိုက်သည်။
"လူသားကစားသမားတွေက ဘယ်မှာလဲ"
"နေ့ဘက်မှာ အမွှေးတိုင်ပူဇော်ထားတဲ့ သူရဲကောင်းတွေက အနောက်တံခါးကနေ ၀င်နိုင်တယ်"
ဘုန်းတော်ကြီးပြန်ဖြေသည်။
"အထဲရောက်ပြီးတာတောင် ဘယ်သူ့မှမတွေ့ရတာ မအံ့ဩတော့ပါဘူး"
အောင့်ထျန်းပြောသည်။
"သူတို့ကတခြားလမ်းကြောင်းကနေ ၀င်တာကိုး"
"ဖွင့်စရာ တခြားတံခါးရှိတယ်ဆိုရင်တောင် အသံလေးဘာလေးတယတော့ ကြားရသင့်တယ်"
ယဲ့ကျိုးပြောသည်။
"ပုံမှန်ကစားသမားတစ်ယောက်က နောက်ထပ်၀င်ပေါက်ကို သတိထားမိမှာမဟုတ်ဘူး။ ကစားသမားတွေ ညဘက်လုံခြုံစေဖို့ နေ့ဘက်မှာလုပ်ရတဲ့ တာ၀န်တွေ အများကြီးရှတယိတာပဲ"
"survival game တစ်ခုနဲ့တောင် ခပ်ဆင်ဆင်ပဲ"စိတ်လှုပ်ရှားဟန်ဖြင့် ချင်ယွဲ့ပြောသည်။
"သိပ်အရေးမပါတဲ့ နေ့ဘက်တာ၀န်တစ်ခုက ညအချိန်အတွက် အရေးကြီးလက်မှတ်ဖြစ်လာတာ။ ကြီးမားလိုက်တဲ့ရိုက်ချက်ပဲ"
တုကူးကျော့သည် ကစားသမားများနှင့် NPC ၏ စကားလုံးများကို နားထောင်ရင်း အရေးကြီးသော အပိုင်းအစလေးများကို သတိပြုမိကာ ဆက်စပ်မိသွားသည်။
ဘုန်းတော်ကြီးအိုသည် နေ့ဘက်အမွှေးတိုင်ထွန်းခဲ့သော ကစားသမားများအနေဖြင့် အနောက်တံခါးကနေ ၀င်နိုင်ကြောင်းပြောခဲ့သော်လည်း အခြားကစားသမားများအကြောင်း မပြောခဲ့ပေ။
"အမွှေးတိုက်ထွန်းခဲ့တဲ့သူတွေပဲ ၀င်လို့ရတာလား"
တုကူးကျော့မေးသည်။ ဘုန်းတော်ကြီးအိုသည် လက်ထဲမှစိပ်ပုတီးကိုချကာ တုကူးကျော့ကိုကြည့်သည်။
ŞİMDİ OKUDUĞUN
online game ထဲမှာကျင့်ကြံမယ်| online game ထဲမွာက်င့္ႀကံမယ္(Dropped)