အခန်း ၄-၂။ ကံကြမ္မာသစ်တောထဲကဘော့စ်
ကံကြမ္မာသစ်တောထဲမှ သားရဲများက အတော်လေးသန်မာသည်။ ဒါကြောင့် တုကူးကျော့သည် မြေပေါ်မှ ဟန့်တားပိတ်ပင်၍ မရနိုင်သော သားရဲများကို စိုးရိမ်တကြီးကြည့်လိုက်သည်။
သို့သော် upgrade လုပ်ထားသောလက်နက်သည် ယဲ့ကျိုး၏ အားထုတ်မှုလုံ့လကို ပံ့ပိုးပေးနေရာ ၀န်းရံနေသော သားရဲနှစ်အုပ်လုံး လျှင်မြန်စွာ ရှင်းလင်းခံလိုက်ရသည်။
သူ ယဲ့ကျိုးရှေ့သို့သွားကာ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။
နောက်ဆုံးတော့ အုပ်စုဖွဲ့တိုက်ခိုက်ခြင်းစွမ်းရည်ကြောင့် သစ်ရွက်လှေတစ်ယောက် level 10 ဆီ ရောက်သွားလေပြီ။ သို့သော် နောက်အဆင့်တက်ရန် လိုအပ်သည့်အမှတ်က ၄၀၀၀ ဖြစ်လေရာ ဒီနေရာကသားရဲတွေနှင့် မလုံလောက်ပေ။
"မနက်ဖြန်ကျမှ တခြားမြေပုံတွေဆီ သွားရအောင်။ အဲဒီ့မှာလည်း တခြားကစားသမားတွေရှိမယ်ထင်တယ်။ လူသစ်ကျေးရွာရောက်တဲ့အခါ ပထမဆုံးတာ၀န်ကို စလုပ်ချိန်မှာ ပေးမဲ့တာ၀န်အ‌ရေအတွက်ထက် ကစားသမားဦးရေ ပိုများနေမှာလေး တစ်ခုပဲစိုးရိမ်တယ်"
တခြားကစားသမားတွေတဲ့လား။ တော်တော်များလောက်လား။
တုကူးကျော့ : "ဒီနေရာမှာ 'ကစားသမား' ဆိုလို့ ငါတို့နှစ်ယောက်တည်းလား"
"ဒီမှာက ရှာဖွေရတာ မလွယ်တာကြောင့်လေ"
သစ်ရွက်လှေသည် ဂုဏ်ယူစွာဖြင့် ပြောပြသည်။
"အစကတော့ ရှင်းရှိုရွာကပေးတဲ့ ထန်ယဲ့ဘုရားကျောင်းမှာ အမွှေးနံ့သာပူဇော်ရမဲ့တာ၀န်ကို ယူခဲ့တာ။ ဒါပေမဲ့ ဘုရားကျောင်းတံခါးရှေ့မှာပဲ အမွှေးနံ့သာတွေကို လုယူနေတဲ့ ကစားသမားတွေကို တွေ့ခဲ့တယ်လေ။ သူတို့ဆီက ဓားပြတိုက်မခံချင်တာနဲ့ပဲ ဝါးတောရှိတဲ့ဘက်ဆီ လမ်းလျှောက်ထွက်ခဲ့တာ။ မမျှော်လင့်ဘဲ ခရမ်းရောင်ဝါးပင်တစ်ပင်ကိုထိမိပြီး ဒီနေရာဆီ နေရာရွှေ့ပြောင်းခံလိုက်ရတယ်။ မင်းရော ဘယ်လို၀င်လာတာလဲ"
"မင်းလိုပဲ"
တုကူးကျော့ပြောလိုက်သည်။
"ငါ offline လုပ်ရမဲ့အချိန်ရောက်ပြီ"
online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Opowieści tętniące życiem. Odkryj je teraz