အခန်း ၁၃။ တုကူးယွဲ့

70 5 0
                                    

အခန်း ၁၃။ တုကူးယွဲ့

တုကူးကျော့သည် သူအရင်ကသိခဲ့ဖူးသော ဖယောင်းနဂါးမှာ ဒီကမ္ဘာထဲက ဖယောင်းနဂါးနှင့် တူမတူတော့ သူမသိပါ။ ဘာပဲဖြစ်ဖြစ် သူသိထားတာတွေတော့ ပြောပြ‌မျှဝေရမည်မလား။

သည်လိုနှင့် တစ်စုံတစ်ယောက် မေးခွန်းထုတ်လာချိန်မှာတော့ ကြားဖူးနားဝဒဏ္ဍာရီဖြစ်ပြီး သေသေချာချာမသိသလို သရုပ်ဆောင်လိုက်သည်။

ဒဏ္ဍာရီတစ်ခုအကြောင်း တိတိကျကျ မမှတ်မိသည့်အပေါ် ဘယ်သူကမှ သူ့တည်ရှိမှုနှင့်တွဲ၍ သံသယ၀င်တာမရှိပါ။

သူ့ကိုယ်သူထိန်းချုပ်ထားနိုင်သည်ဟု တွေးခဲ့သော်လည်း ယဲ့ကျိုးထံမှ စကားသံကို ကြားလိုက်ရသည်။

"အဲဒါက ဒဏ္ဍာရီသက်သက်ပဲလို့ကြားဖူးတယ်။ နေ့ဘက်မှာ ငါ level တင်နေတုန်းက မြို့နာမည်ကို သတိမထားမိဘူး။ မင်းကတော်တော်လေး ရှာဖွေမှုအားကောင်းတာပဲ"

"အဲဒီတုန်းက ညဘက် အခြေအနေကို မမြင်ဖူးဘူး"

တုကူးကျော့ ပြောလိုက်သည်။ ကမ္ဘာနှစ်ခု၏ ဒဏ္ဍာရီများက ဆင်တူနေရာ ဖယောင်းနဂါးမြို့အကြောင်း ယဲ့ကျိုးထပ်မမေးတော့ပေ။

တုကူးကျော့စိတ်ထဲမှာတော့ ဒီကမ္ဘာနှစ်ခုကြား ဆက်စပ်မှုရှိရမည်ဟု ပို၍လက်ခံယုံကြည်သွားသည်။

"စထွက်ရွာကလည်း ကွန်ပျူတာဂိမ်းတုန်းကနဲ့ မတူဘူး"

ယဲ့ကျိုးပြောသည်။

"အကြီးကြီးပြောင်းလဲသွားတယ်။ မျိုးနွယ်တွေကွဲပြားတာကြောင့်မဟုတ်ဘဲ နေ့နဲ့ညကွာခြားတာကြောင့်လို့ထင်ထားတာ။ ကြည့်ရတာ အဓိကဇာတ်ကြောင်းကြောင့်ဖြစ်မယ်"

"အဓိကဇာတ်ကြောင်းလား..."

တုကူးကျော့ ယဲ့ကျိုးကိုကြည့်လိုက်သည်။

ယဲ့ကျိုးသည် သူဟာ တုကူးကျော့ဆရာဖြစ်ကြောင်း ပြန်တွေးမိပြီးနောက် စိတ်ရှည်လက်ရှည်ရှင်းပြသည်။

"ကောင်းကင်ကိုးဘုံက အဓိကဇာတ်ကြောင်းတစ်ခုပေါ်မှာ ရေးဆွဲထားတဲ့ဂိမ်းပဲ။ ပြီးတော့ ကောင်းကင်ကိုးဘုံဆိုတာက တစ်ကယ်တမ်းမှာ နယ်ပယ်တစ်ခုရဲ့အမည်ကိုကိုယ်စားပြုတာလေ။ အဲဒီ့ကမ္ဘာက အထက်၊ အလယ်၊ အောက်ဆိုပြီး ဘုံသုံးဘုံကွဲပြားတယ်။ သေမျိုးတွေက အောက်ဆုံးဘုံမှာနေတယ်။ အဲဒါက အဆင့်အနိမ့်ဆုံးဘုံဖြစ်ပြီး ဒီဂိမ်းထဲမှာလိုပဲ မျိုးနွယ်စုခြောက်စု အတူယှဉ်တွဲနေထိုင်တယ်။ အလယ်ကောင်းကင်ဘုံက ဗလာကြီးဖြစ်ပြီး သေမျိုးတြွေဖတ်သန်းဖို့ခက်တဲ့ အာကာသလေပြင်းတွေနဲ့ ပြည့်နေချိန်မှာ အထက်ပိုင်းကောင်းကင်ဘုံကတော့ မသေမျိုးအမတတွေ နေတဲ့နေရာပေါ့"

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Where stories live. Discover now