အခန်း ၁-၂။ ယဲ့ကျိုးကိုပြန်တွေ့ပြီ/ယဲ့က်ိဳးကိုျပန္ေတြ့ၿပီ

380 76 10
                                    

[Unicode]

အခန်း ၁-၂။ ယဲ့ကျိုးကိုပြန်တွေ့ပြီ

အရှေ့လေက ဖြူးဖြူးလေးတိုက်ခတ်နေသည်။ နွေဦးရာသီမှာတောင်မှ နည်းနည်းအအေးဓာတ်၀င်နေတုန်းပင်။ ဧည့်သည်တွေအားလုံး ပြန်သွားကြပြီးနောက် ဆိုင်ရှင်သည် စားပွဲခံများကိုသန့်ရှင်းကာ အိမ်ပြန်ရန်ပြင်ဆင်သည်။

ထိုအချိန်၌ ခမောက်ဆောင်းကာ တစ်ကိုယ်လုံးအနက်ရောင်၀တ်ထားသည့် လူတစ်ယောက်သည် အထုပ်တစ်ထုပ်ကိုဆွဲကာ ဆိုင်ထဲသို့၀င်လာပြီး ထောင့်ကစားပွဲမှာထိုင်သည်။

"လက်ဖက်ရည်ပူပူတစ်အိုးချပေး"

ထိုလူသည် အထုပ်ကိုစားပွဲပေါ်ချလိုက်ရာ "ချွင်ချွင်ချွမ်ချွမ်"အသံများ ထွက်လာသည်။ ထိုအထုပ်ဟာ လက်နက်ကိရိယာတစ်ခုခုဆိုတာ သိသာပါသည်။

ဆိုင်ရှင်သည် ငြင်းဆိုရန် မရဲဝံ့ပါချေ။ လျှင်မြန်စွာဖြင့် လက်ဖက်ရည်ပူပူအိုးကြီးတစ်အိုး ယူလာပေးလိုက်သည်။

စားပွဲပေါ်ချပေးပြီးနောက် ဆိုင်ရှင်သည် ထိုလူ၏မျက်နှာကို အမှတ်တမဲ့ကြည့်မိပြီး ခဏလေးနှင့်အကြည့်ပြန်လွှဲရန် မ
တတ်သာပေ။

- ဟေး... ဒီလူကကြည့်ကောင်းလိုက်တာ။ မြို့ငယ်လေးရဲ့ ထိုဖူရှီရှစ်ထက်ကြည့်ကောင်းသလို နွေဦးကာလ တောင်ပေါ်ကပန်းလေးတွေထက်လည်း လှပတယ်။ ပြီးတော့ ဆောင်းရာသီပြတင်းတံခါးရဲ့ အေးစက်ပြီးနှင်းဝေနေတဲ့ ရှုခင်းထက်တောင်မှ ကြည့်ကောင်းနေသေး။ ရေခဲနဲ့ နှင်းတွေထက်လည်း အေးစက်တယ်။

ဆိုင်ရှင်သည် သူ့ကိုတိုက်ရိုက်ဆက်မကြည့်ရဲဘဲ မီးဖိုဆောင်သို့ ပြန်လာခဲ့ပြီးမှ အကာအဟကြားမှ မရဲတရဲပြန်ခိုးကြည့်မိသည်။

ထိုသူသည် လက်ဖက်ရည်အိုးကိုမရန် သူ့လက်ကိုဆန့်လိုက်ပြီး လက်ချောင်းများက သန်မာသော ဝါးပင်နှယ် သွယ်လျအချိုးကျကာ ထင်ရှားပြတ်သားသည်။

သူ့လက်၏ အတွင်းဘက်ရှိ လက်ချောင်းများတွင် ကျောက်စိမ်းများ ကွဲကြေနေကဲ့သို့ ဓားဖြင့်ဖြတ်ထားသော အမာရွတ်များဖြင့် ဖုံးအုပ်နေကာ လူများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Onde histórias criam vida. Descubra agora