အခန်း ၂၈။ Level 20

18 4 0
                                    

အခန်း ၂၈။ Level 20

ယဲ့ကျိုးသည် ပုံမှန်သွင်းနေကျ IV သွင်း၊ နှိပ်နယ်ခြင်းခံပြီးနောက် သူ့အခန်းထဲတွင် လဲလျောင်းလျက် စိတ်အပန်းပြေစေသော နူးညံ့ညင်သာသည့် သီချင်းတစ်ချို့ကို နားထောင်သည်။

သူ့ဦးနှောက်ကို တတ်နိုင်သမျှအမြန်ဆုံး အနားပေးရန်လိုအပ်နေပြီး ဂိမ်းကစားခြင်းကြောင့် သူ့ရဲ့အိပ်စက်မှုအပေါ် အကျိုးသက်ရောက်မှုဖြစ်အောင် ခွင့်မပြုနိုင်ပါ။

ခဏလောက် သီချင်းနားထောင်ပြီးနောက် ယဲ့ကျိုး၏ဗိုက်က အသံမြည်လာသော်လည်း သူဂရုမစိုက်ပေ။ ခဏအကြာမှာ ထပ်၍သံစုံမြည်လာတာကြောင့် သူမျက်မှောင်ကြုပ်လိုက်သည်။ ဒီလိုအချိန်မှာ သူဗိုက်မဆာသင့်ဘူးမလား။

'ဗိုက်ဆာသည်' ဟူသော စကားလုံးအကြောင်း တွေးတောရင်း ယဲ့ကျိုး၏ အစားစားချင်စိတ် အာသီသက ဒီရေတက်သလို တလိပ်လိပ်တက်လာသည်။ အဲဒီ့နောက် သူတစ်ကယ့်ကို... တစ်ကယ့်ကိုပဲ တစ်ခုခုစားချင်လာသည်။

သူ့ရဲ့စားချင်စိတ်အာသီသက အမြဲတမ်းနိမ့်ပါးနေခဲ့ပြီး ဒီလိုဖြစ်ရပ်က အလွန့်အလွန်ကို ရှားပါးလှသည်။ သူနည်းနည်းလောက်ပဲဖြစ်ဖြစ် စားရင်လည်း အဆင်ပြေလောက်တယ်မလား။

သူ့ရဲ့ automatic wheelchair ကို ထိန်းချုပ်လျက် ဓာတ်လှေကားဆီသွားကာ ပထမထပ်က မီးဖိုခန်းဆီ  ဆင်းလာလိုက်သည်။

မီးဖိုခန်း၌ အသင့်စားအစားအစာတွေ မရှိပေ။ သခွားသီးတစ်လုံးနှင့် ခရမ်းချဉ်သီးတစ်လုံးကိုသာတွေ့ရာ ရောင့်ရဲစွာပင် ထိုနှစ်လုံးကိုပဲ တဂျွမ်းဂျွမ်းမြည်အောင် ကိုက်ဝါးပစ်လိုက်သည်။ စားလို့ကုန်သွားသည့်တိုင် ဗိုက်ထဲက မသက်မသာဖြစ်တာမျိုး မခံစားရပေ။ အဲဒီ့အစား ပို၍ပင် ဗိုက်ဆာလာတော့သည်။

အဲဒါကြောင့် သူ့ဘာသာပဲ egg fryer ကိုရှာဖွေ၊ ကြက်ဥတစ်လုံးကို ဆီဖြင့်တရှဲရှဲကြော်လိုက်သည်။ သူစားနေချိန်မှာတော့ အိမ်အကူအမျိုးသမီးက သူ့ကိုတွေ့သွားလေသည်။

"အစ်ကိုလေး... ဘာလုပ်နေတာလဲ"

သူမ အထိတ်တလန့်ဆိုသည်။

ယဲ့ကျိုးသည် အမြဲတမ်းအရည်ကိုသာ သောက်နိုင်ပြီး ညဘက်လည်း ဘယ်တော့မှ မစားမသောက်တတ်ပေ။ ဒီလို ဆီဖြင့်ကြော်သည့် ကြက်ဥကြော်က တစ်ညလုံး သူ့ဗိုက်ကို နာကျင်စေလိမ့်မည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Donde viven las historias. Descúbrelo ahora