အခန်း ၇-၁။ သားရဲမျိုးနွယ်၀င်နှင့်ဆုံတွေ့ခြင်း/သားရဲမြိုးနှယျ၀ငျနှင့ျဆုံတှေ့ခွငျး

151 34 1
                                    

[Unicode]

အခန်း ၇-၁။ သားရဲမျိုးနွယ်၀င်နှင့်ဆုံတွေ့ခြင်း

ချောင်းလန့်တောင်၏ တစ်ဘက်ခြမ်းတွင် နွေဦးမိုးဖွဲလေးများ ရွာသွန်းနေခဲ့လေပြီ။ နှစ်ကာလကြာမြင့်ခဲ့ပြီမို့ ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းထဲမှာတော့ ဘုန်းတော်ကြီးနှစ်ပါးရှိနေလေသည်။

အသက်အရွယ်ကြီးသော ဘုန်းတော်ကြီးသည် ခြေနှစ်ဘက်ကို ကြာပလ္လင်သဏ္ဍာန်ချိတ်ထိုင်လျက်၊ မျက်လုံးများကိုပိတ်ထားရင်း မကြာခဏဟောက်နေလေသည်။

အခြားငယ်ရွယ်သောဘုန်းတော်ကြီး - "......"

ဆရာတော်ထန်ကျိက ဘယ်လိုလူမျိုးလဲ။ ကိုးကြိမ်မြောက် ပြန်၀င်စားတဲ့ဘုန်းတော်ကြီးလေ။ မဟာယနဗုဒ္ဓဘာသာရဲ့ ကျင့်ကြံရေးလောကမှာ ကြီးမြတ်လှတဲ့ ဒီဘုန်းတော်ကြီးက အိပ်ပျော်ချိန်မှာ ဟောက်နေမိတယ်တဲ့လား။

"ဆရာတော်...."

ဘုန်းတော်ကြီးငယ်လေး တီးတိုး‌ခေါ်သည်။

ဆရာတော်ထန်ကျိသည် ဖြည်းညင်းစွာ မျက်စိဖွင့်လိုက်ပြီး အိပ်ချင်မူးတူးမျက်လုံးကို ပွတ်သပ်ကာ မေးမြန်းလိုဟန်ဖြင့် တပည့်ဖြစ်သူကို ပြောလိုက်သည်။

"ကိုယ်တော် အိပ်ပျော်သွားတာလား"

"အိပ်ပျော်သွားရုံမကပါဘူး။ ဟောက်တောင်နေပါသေးတယ် အရှင်ဘုရား"

ဘုန်းတော်ကြီးငယ်လေးက ဖြောင့်မတ်စွာဖြေကြားသည်။

သူရဟန်းဘောင်၀င်ပြီးနောက်မှာ ဆရာတော်ထန်ကျိ၏ အငယ်ဆုံးတပည့်ဖြစ်လာခဲ့သည်။

ဆရာတော်ထန်ကျိသည် သူ့တပည့်၏ပွင့်လင်းမှုကို ဗွေမယူပါ။ ဗုဒ္ဓပုတီး၏ကြိုးကိုကိုင်ထားရင်း အကြိမ်အနည်းငယ်ခန့် ပုတီးစိပ်ပြီးနောက် ပြောလိုက်သည်။

"ကိုယ်တော်အိက်မက်တစ်ခု မက်ခဲ့တယ်"

"ကြိုတင်သိမြင်တာလား အရှင်ဘုရား"

ဘုန်းတော်ကြီးငယ်လေးက မေးသည်။

ဆရာတော်ထန်ကျိ၏စွမ်းရည်နှင့်ဆိုလျှင် သူရုတ်တရက်အိပ်ပျော်သွားခြင်းက ‌ကောင်းကင်နှင့် မြေပြင်အကြား ဆက်သွယ်ပေးသော ကောင်းကင်ဘုံတက်ရာလမ်းကို သဘောပေါက်နားလည်လိုက်တာကြောင့်သာဖြစ်နိုင်သည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Onde histórias criam vida. Descubra agora