အခန်း ၁၂။ ဖယောင်းနဂါးမြို့
တုကူးကျော့၏မျက်နှာပေါ်တွင် သွေးစသွေးန အနည်းငယ်ရှိကာ လရောင်အောက်တွင် ထင်ထင်ရှားရှားရှိနေသည်။
သစ်ရွက်လှေသည် သူ့တပည့်၏အထူးစွမ်းရည်ကို သတိရမိရာ မနေနိုင်တော့ဘဲ လက်ကိုမြှောက်ပြီး တုကူးကျော့၏ပါးပြင်ပေါ်မှ သွေးများကို လက်ချောင်းလေးများဖြင့် သုတ်ပေးကာ စိတ်ဝင်တစားမေးလိုက်သည်။
"မင်းဒဏ်ရာရထားတာလား"
"တခြားသူရဲ့သွေးတွေပါ"
တုကူးကျော့ပြန်ဖြေရင်း သွေးများကို ၀တ်ရုံရှည်၏လက်ဖြင့် သာမန်ကာလျှံကာသုတ်လိုက်သည်။
တုကူးကျော့၏ အ၀တ်အစားပေါ်တွင် သွေးအနည်းငယ်သာ ပေကျံနေသည့်တိုင် သူ့အသားအရည်ကတော့ နီမြန်းနေကာ သွေးဘားကလည်းအပြည့်ပင်ဖြစ်သည်။
ဒီတော့ ဟုတ်သည်။ မျှော်လင့်ထားသလိုပဲ ဒါတွေက တုကူးကျော့ရဲ့သွေးတွေမဟုတ်။ တခြားသူရဲ့ဟာဖြစ်သည်။
တုကူးကျော့သည် ပုံစံကျနသော လူတစ်ယောက်ဖြစ်သည်။ သူသည် တုကူးကျော့ကို လက်မောင်းများကြား ပွေ့ပိုက်ထားပုံရသော်လည်း ခန္ဓာကိုယ်ကို တိုက်ရိုက်ထိတွေ့ခြင်းမရှိပေ။
ခန္ဓာကိုယ်နှစ်ခုကို ကြောင်မည်းလေးဖြင့် ခြားထားလေသည်။ သို့တိုင် နှစ်ဦးသား၏အကွာအဝေးမှာ လွန်စွာနီးကပ်နေဆဲဖြစ်ရာ ယဲ့ကျိုးအနေဖြင့် တုကူးကျော့၏ မျက်တောင်လေးများကိုပင် မြင်နိုင်ပါသည်။
ထိုမျက်တောင်လေးများသည် မျက်ခမ်းစပ်လေးများတစ်လျှောက် တိုစိပ်စိပ်ဖြင့် ပေါက်နေပြီး သေးငယ်သော ဘီးလေးတစ်ချောင်းနှင့်ပင် တူနေသေးတော့သည်။
လက်ရှိအချိန်တွင် နှစ်ဦးသားသည် သစ်ပင်ဖနား၏ထိပ်ဖျား၌ရှိနေပြီး ယဲ့ကျိုးရုန်းချင်လျှင်ပင် ရုန်းမရနိုင်ပေ။ မဟုတ်ပါက သစ်ပင်ပေါ်မှ ဒလိမ့်ခေါက်ကွေး ပြုတ်ကျပေလိမ့်မည်။
ကံကောင်းစွာပင် တုကူးကျော့လည်း ယဲ့ကျိုးသက်တောင့်သက်သာမရှိကြောင်း သတိပြုမိကာ နှစ်ဦးသားအကွာအဝေးကိုခြားနားကာ ယဲ့ကျိုးကိုတည်ငြိမ်စေပြီးနောက် ကြောင်မည်းလေးနှင့်အတူ သစ်ပင်ပေါ်မှခုန်ချလိုက်သည်။
ESTÁS LEYENDO
online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)