အခန်း ၂၄။ နေ့အချိန်နှင့် ညအချိန် (အပိုင်းခွဲ-၁)

27 4 0
                                    

အခန်း ၂၄။ နေ့အချိန်နှင့် ညအချိန် (အပိုင်းခွဲ-၁)

သူတို့ထန်ယဲ့ဘုရားကျောင်းကိုရောက်ချိန်၌ အောင့်ထျန်းနှင့် ချင်ယွဲ့တို့က ထိုနေရာမှာ စောင့်နှင့်နေကြပြီဖြစ်သည်။

သူတို့သည် system က ဆုအဖြစ်ပေးသော လက်နက်ကိရိယာများကို ပြောင်းလဲဝတ်ဆင်ပြီးပြီဖြစ်ကာ ချင်ယွဲ့က ပန်းရောင်ဖျော့ဖျော့အပေါ်၌ အဖြူရောင်ဇာသားထပ်ထားသော ၀တ်စုံလေးဖြစ်သည်။

သူမ၏အသွင်မှာ ပုံမှန်ထက်လှပနေပြီး ငယ်ရွယ်တက်ကြွမှုတို့ပြည့်နှက်နေသည်။ သူမသည် စွမ်းရည်များမြှင့်ရန်အတွက်သုံးသော အမှတ်များကို သူမ၏အသွင်အပြင်အပေါ် ဆက်လက်၍ upgrade များတင်လိုက်ရာ အခုဆို ချစ်စရာကောင်းသော အလှလေးတစ်ယောက် ဖြစ်နေတော့သည်။

အောင့်ထျန်းသည် မီးခိုးရောင်ရင့်ရင့် ၀တ်စုံကိုဝတ်ထားပြီး လက်နက်ကိုမူ နတ်သမီးတစ်ပါး၏ စက္ကူယပ်တောင်ပုံစံမှသည် သံမဏိယပ်တောင်အဖြစ် ပြောင်းလဲလိုက်သည်။

သခင်ငယ်လေးရှောင်ယောင်မှာဝော့ အနုပညာအမြင်ရယ်လို့မရှိပေ။ သို့တိုင် သိုင်းပညာရှင်တစ်‌ဦး၏အသွင်အပြင်တော့ ရှိနေပါသေးသည်။

"ဝိုး... မင်းရဲ့ဝတ်စုံအသစ်က ကောင်းလိုက်တာ။ အမြဲအဖြူရောင်ပဲ ၀တ်လေ့ရှိတဲ့သူတွေက တစ်ကယ်ကြီးကွဲပြားတာပဲ"

ချင်ယွဲ့ခုန်ထလာပြီး ယဲ့ကျိုး၏ဘေးကိုသွားကာ သူ့အ၀တ်များကို ချီးမွမ်းလိုက်သည်။

'ကောင်းကင်ကိုးဘုံ'၏ low-level player များအတွက် အဆင့်နိမ့်ဝတ်စုံများသည် ပုံတူပွားထားတာတွေသာဖြစ်ပြီး အကုန်လုံးက တစ်ပုံစံတည်းသာ။

လက်နက်ကိရိယာဆိုလျှင်လည်း အဆင့်မြင့်လက်နက်တွေမှသာ အထူးစွမ်းရည်သက်ရောက်မှုတွေရှိတာဖြစ်သည်။

သို့သော်လည်း ဂိမ်းထဲကိုဝင်ရောက်ချိန်၌ ကစားသမားများအနေနှင့် နှစ်သက်ရာအရောင်ကို ရွေးချယ်နိုင်ပေသည်။

အခြေခံအချက်အလက်များကို ယဲ့ကျိုးရွေးချယ်စဉ်က အဖြူရောင်ကိုသာရွေးချယ်ခဲ့ရာ system ကလည်း အဖြူရောင်ဝတ်စုံတွေချည်း ပေးခဲ့သည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Donde viven las historias. Descúbrelo ahora