အခန်း ၁၈။ တပ်မက်ခြင်းအသူတရာချောက်

56 6 0
                                    

အခန်း ၁၈။ တပ်မက်ခြင်းအသူတရာချောက်

ဆယ်နှစ်သားအရွယ်၌ တုကူးကျော့အနေဖြင့် အပြစ်ကင်းသောကလေးတစ်ယောက်သာဖြစ်ကာ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသည့် ကိစ္စများစွာ၏ အကြောင်းပြချက်တွေကို မသိသေးပေ။

ထိုအချိန်က သူ့အမေပြင်းထန်စွာ နာမကျန်းဖြစ်ပြီး နိုးလာရင်တောင်မှ သူမရဲ့ပတ်ဝန်းကျင်ကို ကောင်းစွာသတိမမူနိုင်ဘဲ သူမကိုစွန့်ပစ်ခဲ့သူ၏အမည်ကို ရေရွတ်နေတတ်ကြောင်းကိုသာ သူမှတ်မိသည်။

သူမ၏အသိစိတ်မှာ ရှင်းလင်းမှုမရှိ။ သူမမဆုံးပါးခင် တုကူးကျော့၏လက်ကိုသာ သူမ ပိုင်ဆိုင်သည့်အရာနှယ် မြဲမြဲဆုပ်ကိုင်ထားရင်း 'အထီးကျန်စွာ စောင့်မျှော်နေရင်း အချိန်ကုန်ဆုံးရသည့် ဒီဘ၀ကိုမုန်းတီးကြောင်း၊ လက်မထပ်ဘဲ ကလေးရခဲ့သည့်အပေါ် မုန်းမိကြောင်း' ပြောနေခဲ့သည်။
 
သူမ၏ဘ၀တစ်လျှောက် နာကျင်စွာ ခံစားရခြင်းအားလုံးက ထိုလူနှင့် ထိုကလေးယူဆောင်လာမှုတွေသာဖြစ်သည်။ သူမ၏နောက်ဘ၀၌ ထိုလူနှစ်ဦးနှင့် ဘယ်သောအခါမျှ ထပ်မဆုံစေရန် မျှော်လင့်သည်။

သေဆုံးခါနီးအချိန်၌ သူမသည် တုကူးကျော့ကို သူမ၏ဖခင်ဟု မြင်ယောင်နေပြီး သူမ၏မုန်းတီးမှုတို့ပြည့်နေသော မျက်လုံးများနှင့် စကားလုံးများက တုကူးကျော့၏နှလုံးသားကို နင့်သီးနေအောင် နာကျင်စေသည်။

သို့တိုင် သူ့အမေအပေါ် စိတ်ဆိုးစိတ်ကွက်ခြင်းမရှိပါ။ ဆင်းရဲလွန်းသည့်ဘ၀ရဲ့ ဦးဆုံးသောဆယ်နှစ်ကာလ၌ သူရောမိခင်ပါ လူတွေရဲ့အထင်အမြင်သေးခြင်းကို ခံခဲ့ရသည်။

လက်မထပ်ရသေးခင် ကလေးတစ်ယောက်ရခဲ့ခြင်းကြောင့် လောကကြီးထဲက ကန်ထုတ်ခံရသည်။ မိဘတွေဆီကပါ နှင်ထုတ်ခံရပြီး ဝေးလံသော ဒီမြို့သေးသေးလေးမှာ လာနေရသည်။

သူမသည် ခန္ဓာကိုယ်ကိုကွေးထားလျက် အဖျားဒဏ်ကိုအံတုနေရတတ်ပြီး ပျော်ရွှင်ချိန်ဆိုတာ ရှားပါးလှသည်။

တုကူးကျော့သည် သူဘယ်တုန်းကမှ မွေးမလာခဲ့ရင် ပိုကောင်းမည်ဟု တွေးခဲ့ဖူးသည်။ ဒီလိုဆို သူ့နားမှာ ရှိခဲ့ဖူးတဲ့ အမေရော ယဲ့ကျိုးပါ အခုထက် ပိုပြီးပျော်ရွှင်နိုင်ကြလိမ့်မည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Nơi câu chuyện tồn tại. Hãy khám phá bây giờ