အခန်း ၂၉။ ဂိုဏ်းတစ်ဂိုဏ်းထဲသို့ ၀င်ရောက်လိုခြင်း။
တုကူးကျော့ ယဲ့ကျိုးကိုကြည့်လိုက်သလို ယဲ့ကျိုးကလည်း သူ့ကိုနူးညံ့ညင်သာစွာ လေ့လာနေသည်။ ဒါပေမဲ့ ယဲ့ကျိုးက တုကူးကျော့လောက်တော့ မသိသာပေ။
ယဲ့ကျိုးသည် သူ့သူငယ်ချင်းရဲ့ ၀တ်စုံကို လေ့လာဟန်ဆောင်ရင်း လူကိုခိုးကြည့်ကာ အေးဆေးတည်ငြိမ်ဟန်ပင် ဆောင်နေသေးသည်။
တုကူးကျော့၏ level 20 ၀တ်စုံက မိုးပြာရောင်ဖြစ်ပြီး နူးညံ့သောအသားဖြင့်ချုပ်ထားကာ သူ၏သွယ်လျသောကိုယ်ပေါ်၌ ပြီးပြည့်စုံကာ ထင်ရှားပေါ်လွင်နေသည်။
ဆံနွယ်ရှည်များက ခါးအထိတိုင် ရေတံခွန်သဖွယ် ဖြာကျနေပြီး ခေါင်းပေါ်တွင် မကိုဋ်တစ်ခုဖြင့် ရိုးရှင်းစွာစည်းထားသည်။ လေအဝှေ့တွင် ဝေ့ဝဲသွားသည့်တိုင် ဖရိုဖရဲဖြစ်မသွားပါချေ။
လူတိုင်း၏အသွင်အပြင်များ ပြောင်းလဲသွားပြီး ပိုကောင်းသွားသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ တုကူးကျော့၏ရုပ်ရည်ကတော့ မူလအတိုင်း ထူးခြားသောခန့်ငြားလှပမှုတို့ ရှိနေဆဲဖြစ်ကာ အခြားကစားသမားများထံမှ အလိုလိုခွဲခြားထားပြီးသားပင်။
ယဲ့ကျိုးက တုကူးကျော့ထက် ခေါင်းတစ်လုံးစာပုသော်လည်း level တင်ပြီးနောက် ရုပ်ရှင်ဆန်ဆန်ပင် အရပ်ရှည်လာပြီး ခေါင်းတစ်ဝက်လောက်သာကွာတော့သည်။
သူ့ရဲ့အမြင်ရှုထောင့်ဘက်က ကြည့်ရတာကွာခြားသွားလို့သာမဟုတ်ရင် သတိထားမိမည်မဟုတ်။ ဒါပေမဲ့တုကူးကျော့ရဲ့ အရှိန်အဝါက level တင်ပြီးနောက် ပို၍များပြားလာပုံရသည်။
ယခင်တုန်းက နည်းနည်းဖော်ရွေပုံပေါ်သော်လည်း အခုတော့ ဓားအိမ်မှဆွဲထုတ်လိုက်သော အဆင့်မြင့်ဓားတစ်ချောင်းလိုပင်။ ဖြောင့်မတ်ကာ ထက်မြက်နေပြီး ရဲရဲမကြည့်ရဲလောက်အောင် အလင်းတြွေဖာနေသည်။
level တင်ပြီးတာတောင်မှ လုံးဝကို ပေါ်လွင်ထင်ရှားခြင်းမရှိလာဘဲ ယခင်အတိုင်း သာမန်ရုပ်ရည်ပဲ ရှိနေသေးသောအောင့်ထျန်းသည် ချင်ယွဲ့၏မှန်ကျုခိုးကာ ရှုထောင့်ပေါင်းစုံမှ သူ့ကိုယ်သူကြည့်လေသည်။
BẠN ĐANG ĐỌC
online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)